Sports Myanmar

စတား ၂ဦးကို အိုလံပစ်ပြိုင်ပွဲသို့ ခေါ်ဆောင်ခွင့် ပိတ်ပင်ခဲ့တာကြောင့် ချဲလ်ဆီး အပေါ် မကျေမနပ် ဖြစ်နေတဲ့ အွန်နရီ

ပြင်သစ်ဟာ လာမယ့် နွေရာသီ အိုလံပစ် ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဖို့ ရှိပြီး ၊ ၎င်းတို့ရဲ့ အိုလံပစ် ဘောလုံး အသင်းမှာ ပြင်သစ် ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီကို နည်းပြ အဖြစ် ခန့်အပ်ထားရာ ၊ ၎င်းဟာ တမြန်နေ့ကပဲ ပြင်သစ် လူစာရင်းကို တရားဝင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ် ။

ကလပ် အသင်းတွေဟာ ကစားသမား အများစုကို မကြာခင် စတင်တော့မယ့် ယူရိုပြိုင်ပွဲ ၊ ကိုပါအမေရိက ပြိုင်ပွဲတွေသို့ စေလွှတ်ဖို့ ရှိတာကြောင့် ၊ အိုလံပစ် ပြိုင်ပွဲကိုတော့ အသင်းသား တချို့ကို လက်မလွှတ်ချင်ကြတာ တွေ့ရပါတယ် ။ ထိုအထဲမှာ ချဲလ်ဆီး အသင်းလည်း တသင်း အပါအဝင် ဖြစ်ပါတယ် ။

ချဲလ်ဆီးဟာ အိုလံပစ် ကစားဖို့ သင့်လျော်နေတဲ့ ပြင်သစ် စတား ၃ဦး အနက် လူငယ် ကွင်းလယ်လူ လက်စလေ အူဂိုချူကူ တဦးတည်းကိုသာ စေလွှတ်ခဲ့ပြီး ၊ နောက်ခံလူ ဘန်နွိုင်း ဘတ်ဒီယာရှီးလ်နဲ့ မာလို ဂတ်စ်တိုတို့ကိုတော့ စေလွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး အွန်နရီက အခုလိုပဲ မကျေနပ်ဖွယ် မှတ်ချက်မျိုး ပေးခဲ့ပါတယ် ။

အွန်နရီ က ” ကလပ်ဆီ တင်ပြတောင်းဆိုကြည့်ရတာတော့ မှန်ပါတယ် ။ ခင်ဗျားတို့ မြင်ရတဲ့အတိုင်း ၊ ချဲလ်ဆီးဟာ ကျွန်တော့ဆီ အူဂိုချူကူ တယောက်တည်းပဲ လွှတ်ပေးပါတယ် ။ ဒီတော့ အူဂိုချူကူ တယောက် ရှိမယ် ၊ ဒါပါပဲ ။ ကလပ်အသင်းတွေမှာ ပါဝါရှိပါတယ် ။ ဘိုင်ယန်ဆိုရင် မာသစ်တဲလ် အတွက် ကျွန်တော့ကို ရွေးချယ်ခွင့် ပေးခဲ့ပါတယ် ။ ”

” ဒီတော့ သူ အခု ဒီကို ရောက်နေပါပြီ ။ ဒါက ရိုးရှင်းလွန်း ၊ သွေးအေးလွန်းတဲ့ ပုံစံ ပေါက်နေပေမယ့် ၊ ဒါမျိုး အမှန်တကယ် ဖြစ်ပျက်နေတာပါ ။ ” ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အွန်နရီ က ” သူတို့ဆီ တောင်းဆိုခဲ့တာပါ ။ ကျွန်တော့ကို သူတို့ကို မရဘူးလို့ ပြန်ပြောခဲ့ပါတယ် ။ ဒီလိုမျိုး ခင်ဗျားတို့ ပြောဖူးကြလား ဆိုတာ ကျွန်တော် မသိပေမယ့် ၊ ဒီအခြေအနေမျိုးတွေမှာ ခင်ဗျားဖက်က ဘယ်လိုမှ ပြန်ငြင်းခုံလို့ မရဘူး ဆိုတာ ခင်ဗျား သိနေပါတယ် ။ ”

” ခင်ဗျားက ကျွန်တော့ကို မေးခွန်းထုတ်လို့ ရပေမယ့် ၊ ချဲလ်ဆီးက ကျွန်တော် မဟုတ်ပါဘူး ။ ဒီတော့ ကစားသမားတွေ အကြောင်း ကျွန်တော် မေးခဲ့ပြီး ၊ ကျွန်တော့ကို သူတို့က ‘ မရဘူး ။ ဒါက မဖြစ်နိုင်ဘူး ။ ခင်ဗျား အူဂိုချူကူပဲ ခေါ်လို့ ရမယ် ‘ လို့ ပြောခဲ့ပါတယ် ။ ဒါမျိုး ပြောခဲ့တာ ကျွန်တော် မဟုတ်ဘူး ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါက တကယ်ဖြစ်ခဲ့တာပါ ။ ”

” ခင်ဗျားကို ဘာကြောင့် ၊ ဘယ်လိုဆိုတာမျိုး တိုက်ရိုက် မရှင်းပြနိုင်ပါဘူး ။ ယူရို ပြိုင်ပွဲလည်း ရှိနေတော့ ကစားသမား တယောက် အနေနဲ့ ပြိုင်ပွဲ ၂ခုလုံး ကစားရမယ်ဆိုရင် မလွယ်ဘူး ဆိုတာ ကျွန်တော့ဖက်က နားလည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အဆုံးမှာတော့ အွန်နရီက ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အိုလံပစ် ပြိုင်ပွဲသို့ ကစားသမားတွေ စေလွှတ်ဖို့ ငြင်းဆန်မှုတွေ အပေါ် အခုလိုပဲ သူ့အမြင်ကို ချပြခဲ့ပါတယ် ။

အွန်နရီ က ” ဒီတခုတော့ ကျွန်တော် ရှင်းရှင်းကြီး တုန့်ပြန်ပါမယ် ။ ပထမဆုံး အနေနဲ့ အခု အချိန်ဟာ ကျွန်တော့ အတွက် ဒီအကြောင်း ပြောရမယ့် အချိန် မဟုတ်ပါဘူး ။ ဒုတိယ အနေနဲ့ ကျွန်တော် ဒါကို စိတ်ပျက်မိလား ၊ ဒါမှမဟုတ် အံ့သြမိလား ? No ပါ ။ စိတ်လည်း မပျက်သလို ၊ အံ့လည်း မအံ့သြပါဘူး ။ ”

” ကလပ်တွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကနေ လုပ်နေကြတာပါ ။ အိုလံပစ် အကြောင်း ပြောနေကတည်းက ကျွန်တော် ပြောနေတဲ့ အရာတွေက မပြောင်းလဲသွားဘူးလို့ ထင်ပါတယ် ။ ကျွန်တော်တို့ ဒီလိုမျိုး တားဆီး ပိတ်ပင်ခံရမယ် ဆိုတာ ကောင်းကောင်းကြီး သိထားပါတယ် ။ ခင်ဗျားဖက်ကသာ မျှော်လင့်ချင်ဖွယ် တုန့်ပြန်မှုကို စောင့်မျှော်နေရတာပါ ။ ”

” ဒါပေမယ့် ကလပ်တွေကို ဒီလိုမျိုး လုပ်ပိုင်ခွင့်တွေ ပေးထားတော့မှ သူတို့ဖက်က No လို့ တုန့်ပြန်လာတဲ့အခါ ဒါက ခက်ခဲလာပါတယ် ။ ဒီတော့ ကျွန်တော် စိတ်ပျက်လား ၊ အံ့သြမိလား ? မဖြစ်မိပါဘူး ။ ဒါကို ကျွန်တော် မျှော်မှန်းခဲ့ပြီးသားပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR

မူရင်းသတင်း — Sports Myanmar