
ဂန်းနား နောက်ခံလူဟောင်း ဘာကရီ ဆက်ဂ်ညာ က အာဆင်နယ် အသင်း အနေနဲ့ ဒီနွေရာသီ အပြောင်းအရွေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့တောင်ပံ တိုက်စစ် ကစားသမား ရက်ရှ်ဖိုဒ့် နှင့် နောက်ခံလူ ဗာရန်း တို့ကို ခေါ်ယူ အားဖြည့် သင့်တယ်လို့ အကြံပေး သွားခဲ့ပါတယ် ။
ဆက်ဂ်ညာက Coin Poker မှာ ” ရက်ရှ်ဖိုဒ့် ကို အာဆင်နယ် အသင်းမှာ တကယ် မြင်ချင်ပါတယ် ။ အာဆင်နယ် အသင်း တိုက်စစ် ကို ရက်ရှ်ဖိုဒ့် လို မြန်နှုန်းမြင့် ကစားသမားသာ ပေါင်းထည့်လိုက်ရင် ပြိုင်ဘက်တွေကို ကောင်းကောင်း ချေမှုန်း နိုင်ပါလိမ့်မယ် ။ အာဆင်နယ်လို အရည်အသွေးမြင့် ကြယ်ပွင့်တွေစုနေတဲ့ အသင်းကို ရက်ရှ်ဖိုဒ့် သာ ရောက်လာရင် ပြိုင်ဘက်တွေ အတွက် ကြောက်စရာ ဖြစ်သွားမှာပါ ။ ”

” ရက်ရှ်ဖိုဒ့် က တအား မြန်ပါတယ် ။ သူ့ကိုသာ ခေါ်နိုင်ရင် အာဆင်နယ် တိုက်စစ် က ရွေးချယ်စရာတွေ ပိုများသွားမှာပါ ။ ဂျေးဇု နှင့် ရက်ရှ်ဖိုဒ့် ကိုလည်း တစ်သင်းတည်းမှာ အတူ မြင်ချင်ပါတယ် ၊ အာဆင်နယ် အသင်းမှာ ရက်ရှ်ဖိုဒ့် ရဲ့ အရည်အသွေးတွေအတွက် နေရာ ရှိပါတယ် ။ ဂျေးဇု ကလည်း ပွဲတိုင်း မကစား နိုင်သလို ဟားဗတ်ဇ် ကလည်း နေရာစုံမှာ ကစားနိုင်တာဆိုတော့လေ ။ ရက်ရှ်ဖိုဒ့် ကိုသာ ခေါ်နိုင်ရင် အာဆင်နယ် အတွက် သိပ်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါ ၊ အသင်းရဲ့ ရည်မှန်းချက် ပန်းတိုင်က ဘာလဲဆိုတာ အားလုံးကို လှစ်ဟ ပြလိုက်တာ ဖြစ်မှာ အသေအချာပါပဲ ။ ”
ဆက်လက်ပြီး ဆက်ဂ်ညာ က ” ဗာရန်းကလည်း ပရီးမီးယားလိဂ် ကို ဦးဆောင်နေတဲ့ အသင်းအတွက် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု ဖြစ်စေမယ့် ကစားသမားပါ ။ သူက အတွေ့အကြုံ အများကြီး ရှိတဲ့ ထိပ်တန်း ကစားသမား တစ်ဦးပါ။ ကစားသမားဘဝ မှာလည်း ဆုဖလား အောင်မြင်မှုတွေ အများကြီး ရခဲ့သူပါ ။ ကျနော် သူနဲ့ ပြင်သစ်မှာ အတူ ကစားဖူးပါတယ် ၊ သူက တကယ့် အံ့ဖွယ် ကစားသမားပါ ၊ သူ့မှာ အများကြီး ကျန်ပါသေးတယ် ၊ ခုမှ အသက် ၃၁ နှစ်ပဲ ရှိသေးတာလေ ။ ”

” သူ့ရဲ့ အောင်ပွဲ ဆာလောင်စိတ် နှင့် ကိုယ်ရည်ကိုယ်သွေးက အာဆင်နယ် အတွက် အသုံးဝင်ပါလိမ့်မယ်။ အာဆင်နယ် အသင်း မှာလည်း ကောင်းကောင်း အဆင်ပြေ အံဝင်မယ့် ကစားသမားမျိုးပါ ၊ သူ့မှာ နောက်ထပ် နှစ်အနည်းငယ်လောက် အထိ ထိပ်တန်း အဆင့်မှာ ကစားချင်သေးတဲ့ ပြင်းပြတဲ့စိတ်ကိုလည်း ကျနော် တွေ့ရပါတယ် ။ ”
” ဆလီဘာ နှင့် ဂါဘရီရယ် တို့ရဲ့ အရန်အဖြစ် ထားလို့ရတဲ့ ကစားသမားပါ ။ သူတို့ ဒဏ်ရာ ရသွားခဲ့ရင်ပဲ ဖြစ်ဖြစ် အနားယူဖို့ လိုအပ်နေရင် ပဲ ဖြစ်ဖြစ်ပေါ့ ၊ အာဆင်နယ် အသင်း အရန် ဗဟို ခံစစ် ကစားသမားထဲမှာ အရည်အသွေးမြင့်သူတွေ လိုအပ်နေပါသေးတယ် ၊ ဒါကြောင့် ဗာရန်း က ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။
SM