
အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင်အသင်း ခေါင်းဆောင်ဘာပေဟာ ရီးယဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပြီး (၅)နှစ် စာချုပ်ချုပ် ဆိုခဲ့ပါတယ်။ ဘာပေက PSG အတွက် (၆)ရာသီ အတွင်း ပြိုင်ပွဲစုံပွဲ(၃၀၀)ကျော်ကစားခဲ့ပြီး သွင်းဂိုး (၂၅၆)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၉၁)ကြိမ် ပြုလုပ်ပေးခဲ့သူပါ။ ယူရိုမတိုင်မီ ခြေစွမ်းပွဲ ကစားဖို့ ပြင်သစ်အသင်းသားတွေနဲ့အတူ ရှိနေတဲ့ ရီးယဲလ်တိုက်စစ်မှူးသစ် ဘာပေရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။