
အပြောင်းအရွှေ့ဂုရု တစ်ဦး ဖြစ်တဲ့ ဖာဘရစ်ဇီယို ရိုမာနိုက အာဆင်နယ် အသင်း အနေနဲ့ ဒီနှစ် နွေရာသီမှာ ဘယ်သူတွေကို ထွက်ခွာခွင့် ပြုပြီး ၊ ဘယ်သူတွေကို အားဖြည့် ခေါ်ယူ သွားမလဲ ဆိုတာကို Caught offside မှာ ပြောကြား လာခဲ့ပြီး ပရိသတ်တွေ မထင်မှတ်ထားတဲ့ ကစားသမားတစ်ဦး ဟာ ရောင်းထုတ် ခံရနိုင်ချေ ရှိတယ်လို့ ဆိုလိုက်ပါတယ် ။
အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို နဲ့ သတင်းအတော်လေး သတင်းကြီးနေပါတယ် ။ ပြီးခဲ့တဲ့ တစ်ပတ်မှာ အာဆင်နယ် အသင်းဟာ ကစားသမား ၂၂ ဦးကို အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့ပြီး အဆိုပါ ကစားသမားတွေထဲမှာ အယ်နီနီ နှင့် ဆစ်ဒရစ် တို့လည်း ပါဝင် ခဲ့ပါတယ် ။

ရိုမာနို က အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ခီဗီယော ကို ရောင်းထုတ်ဖွယ် ရှိနေတယ်လို့ ဆိုလိုက်ပြီး ပိုလန်သားကို ခေါ်ယူဖို့ အေစီမီလန် အသင်းက စိတ်ဝင်စားနေပါတယ်။ ရိုမာနို က Caught Offside မှာ ” အာဆင်နယ် က ခီဗီယော ကို နွေရာသီမှာ ရောင်းဖွယ် ရှိပါတယ် ။ ဒါပေမဲ့ လက်ခံနိုင်လောက်တဲ့ ပမာဏ နဲ့ ကမ်းလှမ်းလာမှပါ ။ ”
” အေစီမီလန် နှင့် ခီဗီယော သတင်းတွေက တစ်ဖန် ပြန်ထွက်ပေါ် လာပြန်ပါပြီ ။ အေစီမီလန် က ခီဗီယော ကို တကယ် သဘောကျတာပါ ၊ ဇန်နဝါရီလ ကတည်းက စောင့်ကြည့် နေခဲ့တာ ဖြစ်ပေမယ့် ခုချိန်မှာ အာဆင်နယ် ကို ချဉ်းကပ် ကမ်းလှမ်း နေတာမျိုးတော့ မရှိပါဘူး ။ ”

” အေစီမီလန် အနေနဲ့ ညာနောက်ခံလူ နှင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေပါတယ် ။ဗဟို နောက်ခံလူ နေရာအတွက် ဘယ်သူ့ကို ခေါ်မလဲတော့ တစ်ချက် ကြည့်ကြတာပေါ့ဗျာ ။ အာဆင်နယ် အနေနဲ့ ဒီနွေရာသီမှာ ခီဗီယော ကို ရောင်းဖို့ ရှိပါတယ် ၊ ဒါပေမဲ့ လက်ခံ နိုင်လောက်တဲ့ ပမာဏ ရမှပဲ ရောင်းပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM