Eleven Media Group

■ ၂၀၃၇ အထိ အင်တာတွင် အင်ဇာဂီ ဆက်ရှိနိုင်သည်ဟု အေးဂျင့်  ဆို

Photo: Getty Images

အင်တာမီလန်နည်းပြ အင်ဇာဂီ၏ အေးဂျင့်ဖြစ်သူက အင်ဇာဂီသည် လက်ရှိအသင်းတွင် ၂၀၃၇ ခုနှစ်အထိ ဆက်ရှိနိုင်သည်ဟု နောက်ပြောင်ပြောကြားခဲ့သည်။

အင်ဇာဂီ(၄၈ နှစ်)သည် လက်ရှိအချိန်၌ အင်တာမီလန်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေပြီး ၂၀၂၇ ခုနှစ် အထိ (၂)နှစ် သက်တမ်းတိုးရန် သဘောတူညီမှုရရှိထားပြီဟု သတင်းထွက်နေသည့်အတွက် ၎င်း၏အေးဂျင့်က နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ ကျွန်တော့် အမြင်ကတော့ အင်ဇာဂီဟာ အင်တာမီလန်အသင်းမှာ ၂၀၃၇ ခုနှစ်အထိ ဆက်ရှိနေနိုင်ပါတယ်"ဟု အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group