
တိုင်ဆန်ဖျူရီရဲ့အဖေက မိုက်တိုင်ဆန်ရဲ့အမာခံပရိသတ်၊ ဒီလိုနဲ့ပဲ သူ့သားနာမည်မှာ တိုင်ဆန်ပါအောင်မှည့်ခဲ့ပါတယ်။ တကယ်တမ်း သူ့သားထင်ရှားကျော်ကြားလာချိန်မှာ တိုင်ဆန်ဖျူရီဆိုတဲ့နာမည်ထက် Gipsy King ဆိုတာက ပရိသတ်တွေကြား ရေပန်းပိုစားခဲ့တယ်။ တိုင်ဆန်ဖျူရီက Gipsy King ဆိုတဲ့နာမည်နဲ့ လိုက်ဖက်အောင်ပဲ ခပ်ပေပေ၊ ခပ်တေတေလူ။ အတိတ်ကိုလည်း မလွမ်းတတ်ဘူး၊ အနာဂတ်ကိုလည်း ကြို မတွေးတတ်ဘူး။ ပစ္စပ္ပုန်တည့်တည့်ကိုပဲ ကြည့်တယ်၊ ရုပ်ဝါဒီ ဆန်တယ်။