
ယူရို ပြိုင်ပွဲကြီး စတင်ဖို့ ရက်ပိုင်းသာ လိုတော့ပြီး ဒီနှစ် ပြိုင်ပွဲဟာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် စိတ်ဝင်စားဖို့ အကောင်းဆုံး ပြိုင်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ် ။ ယူရို ၂၀၂၄ မတိုင်မှီမှာ စူပါကွန်ပြူတာ ဟာ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ၊ ဘယ်အသင်း က ဖျက်မြင်း အသင်း ဖြစ်လာနိုင်သလဲဆိုတာ တွက်ချက် ခန့်မှန်းပေးသွားခဲ့ပါတယ် ။

Opta ရဲ့ စူပါကွန်ပြူတာ ရဲ့တွက်ချက်မှု အရ ယူရို ၂၀၂၀ မှာ ဗိုလ်လုပွဲ အထိ တက်ရောက် နိုင်ခဲ့တဲ့ အင်္ဂလန် အသင်းဟာ ဒီနှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အခွင့်အရေး အများဆုံး အသင်း ဖြစ်နေပြီး ဗိုလ်စွဲ နိုင်ချေ ၁၉.၉ ရာခိုင်နှုန်း အထိ ရှိပါတယ် ။ အင်္ဂလန် ရဲ့ နောက်မှာတော့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ဗိုလ်လုပွဲ တက်ထားတဲ့ ပြင်သစ် အသင်း ရှိနေပြီး ဗိုလ်စွဲ နိုင်ချေ ၁၉.၁ ရာခိုင်နှုန်း ရှိပါတယ် ။
ယူရို အိမ်ရှင် ဂျာမနီ အသင်းကတော့ ဗိုလ်စွဲ နိုင်ချေ ၁၂.၄ ရာခိုင်နှုန်းနဲ့ အင်္ဂလန် နှင့် ပြင်သစ် တို့ရဲ့နောက် တတိယ နေရာမှာ ရှိနေပါတယ် ။ ဂျာမနီ ရဲ့ နောက်မှာတော့ စပိန်က ဗိုလ်စွဲ နိုင်ချေ ၉.၆ ရာခိုင်နှုန်း နဲ့ ရှိနေကာ ရော်နယ်ဒို ရဲ့ ပေါ်တူဂီ က ဗိုလ်စွဲ နိုင်ချေ ၉.၂ ရာခိုင်နှုန်း နဲ့ ရှိနေပါတယ် ။

နယ်သာလန် အသင်းဟာ ဗိုလ်စွဲ နိုင်ချေ ၅.၁ ရာခိုင်နှုန်း နဲ့ ဆဌမ နေရာမှာ ရှိနေကာ လက်ရှိ ချန်ပီယံ အီတလီ အသင်းကတော့ ဗိုလ်စွဲ နိုင်ချေ ၅ ရာခိုင်နှုန်းသာ ရှိပါတယ် ။ ရွှေရောင်မျိုးဆက် အလွန် ဘယ်ဂျီယံ အသင်းကတော့ ဗိုလ်စွဲ နိုင်ချေ ၄.၇ ရာခိုင်နှုန်း နဲ့ ရှိနေကာ ယူရို ၁၉၉၂ ချန်ပီယံ ဒိန်းမတ် ကတော့ ဗိုလ်စွဲ နိုင်ချေ ၂.၂ ရာခိုင်နှုန်း ရှိပါတယ် ။
SM