
ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယွန် ဟာ ဒဏ်ရာ ပြဿနာကြောင့် ယူရို ၂၀၂၄ ပြိုင်ပွဲနဲ့ လွဲချော် သွားခဲ့ရ ပါတယ် ။ နယ်သာလန် အသင်းဟာ ဒီယွန် ရဲ့ နေရာကို ချဲလ်ဆီး လူငယ် ကစားသမား အီယန် မတ်ဆန် နဲ့ အစားထိုးသွားဖို့ ရှိနေပါတယ် ။
ဂျာမနီ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာ အန်တိုနီယို ရူဒီဂါ ရဲ့ ဖျက်ထုတ်မှုကြောင့် ရူဒီဂါ နဲ့ ဖူလ်ကရပ် တို့ အချင်းများခဲ့ကြပြီး နည်းပြက ဝင်ရောက် ဖြန်ဖြေခဲ့ရတယ်လို့ ကြားသိရပါတယ် ။

အာဆင်နယ် တောင်ပံ ကစားသမားလေး ဆာကာ ဟာ ကြံ့ခိုင်မှု မပြည့်ဝဘူးလို့ သတင်းထွက်ပေါ်နေတာကြောင့် အင်္ဂလန် ရဲ့ ယူရို အဖွင့်ပွဲစဉ်ကို ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ် ။
ဘာစီလိုနာ ဟာ လေဗာကူဆင် မှာ ပုံစံကောင်းပြသနေတဲ့ ဂျရမီး ဖရင်းပေါင် ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။
ရီးရဲမက်ဒရစ် အသင်းဟာ လာမယ့် ၂၀၂၅ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန် ခဲ့ပြီး နည်းပြ အန်ဆယ်လော့တီ က မပါဝင်ဘူးလို့ သတင်းထွက်ပေါ်လာခဲ့မှုဟာ အန်ဆယ်လော့တီ ကို အင်တာဗျူး ခဲ့တဲ့ သတင်းဌာန ရဲ့ နားလည်မှု လွဲမှားခြင်းသာ ဖြစ်တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ် ။

ယူဗင်တပ် အသင်းဟာ အက်စတွန် ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ် ကို ခေါ်ယူဖို့ ကစားသမား + ငွေသား ပုံစံမျိုးနဲ့ ကမ်းလှမ်းမှာ ဖြစ်ပြီး အဆိုပါ ကိစ္စ အတွက် ဗီလာ အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ် ။
အယ်လ်နက်ဆာ အသင်းတာဝန်ရှိသူတွေကတော့ ယူဗင်တပ် ဂိုးသမား ဆက်ဇနီ ကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေး နေကြတယ်လို့ ကြားသိရပါတယ် ။
မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်ပြည့်သွားတဲ့ လူငယ် တောင်ပံ ကစားသမား အိုမာရီ ဖော်ဆင် ကတော့ စီးရီးအေ ကလပ် မွန်ဇာ အသင်းထံ ပြောင်းရွှေ့ သွားခဲ့တယ်လို့ သိရပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းဟာ လေဗာကူဆင် ခံစစ်မှူး ဂျိုနသန် တက် ကို နွေရာသီ ရဲ့ အဓိက ခံစစ်မှူး ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ချိတ်ဆက်မှု ပြုလုပ်နေပါတယ် ။ ဂျိုနသန် တက် ကလည်း ဘိုင်ယန်ကို ပထမဦးစားပေး အဖြစ် သတ်မှတ်ထားတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ် ။
တော့တင်ဟမ် ဟော့စပါး အသင်းကတော့ ကွင်းလယ်လူ အန်ဒွန်ဘီလီ ကို စာချုပ် ဖျက်သိမ်းဖို့ အတွက် ကစားသမား နဲ့ ပြောဆို ဆွေးနွေးနေတယ်လို့ သိရပါတယ် ။
SPORTS MYANMAR