
၁။ အာဆင်နယ် အသင်းဟာ ရီးယဲလ်မက်ဒရစ် အသင်း ရဲ့ ဂိုးသမား လူနင် အတွက် ကမ်းလှမ်းမှု လုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။ ရီးယဲလ်မက်ဒရစ် အသင်းဟာ လူနင် ကို စာချုပ်သစ် ကမ်းလှမ်းမှု လုပ်ထားပြီး လူနင် အနေနဲ့ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး စဉ်းစားနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။

၂။ အာဆင်နယ် အသင်း နောက်ခံလူ တိုမီယာစုဟာ ဆီရီးယား ကို ၅ ဂိုးပြတ် အနိုင် ရခဲ့တဲ့ ပွဲမှာ ဂျပန်အသင်းအတွက် ပွဲချိန်ပြည့် ကစားခဲ့ပြီး အသင်း ခေါင်းဆောင် လက်ပတ် နဲ့ အတူ ပွဲကို အဆုံးသတ် ခဲ့ပါတယ် ။

၃။ Team news and tricks ရဲ့ဖော်ပြချက် အရ အာဆငါနယ် အသင်းရဲ့ နွေရာသီ အဓိက ပစ်မှတ်ဟာ နံပါတ် ၉ တိုက်စစ်မှုး ခေါ်ယူဖို့ မဟုတ်ဘဲ ဆက်စ်ကို ကို လိုက်ခဲ့တာကလည်း ဈေးကွက် ထဲမှာ အခွင့်အရေး ပေါ်ပေါက်လာတဲ့ အတွက် ကြိုးပမ်းခဲ့ခြင်းသာ ဖြစ်တယ်လို့ သိရပါတယ် ။ Daily Telegraph သတင်းထောက် Sam Dean ကလည်း အာဆင်နယ် အသင်းဟာ တိုက်စစ်မှူးစစ်စစ်ထက် တောင်ပံ တိုက်စစ် ကစားသမားကို ဦးစားပေး ခေါ်ယူ သွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။
၄။ ယူဗင်တပ်စ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ သီယာဂို မော့တာ ဟာ အာဆင်နယ် အသင်းရဲ့ နောက်ခံလူ ခီဗီယော ကို ခေါ်ယူပေးဖို့ တောင်းဆို ထားတယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ ခီဗီယော အတွက် အနည်းဆုံး ယူရို သန်း ၂၀ အလို ရှိနေတယ်လို့ Tuttomercatoweb က ရေးသား ထားပါတယ် ။

၅။ Ryan Taylor Sport က အာဆင်နယ် အသင်းဟာ မိုနာကို ကွင်းလယ်လူ ဖိုဖာနာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့ ကိုယ်စားလှယ် ဖြစ်သူတွေနဲ့ ဆွေးနွေး ပြောဆို ခဲ့တယ်လို့ ဆိုလိုက်ပါတယ် ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ အခြေအနေ က ဆွေးနွေး ပြောဆိုရုံ အဆင့်ထက် မပိုသေးပါဘူး ။
၆။ ယာကောဘ့်ဘန် က အာဆင်နယ် အသင်းဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနိုဂွီမာရေစ့် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပေမယ့် ခိုင်မာတဲ့ လှုပ်ရှားမှုတော့ လုပ်နေခြင်း မရှိသေးဘူးလို့ ဆိုလိုက်ပါတယ် ။ အာဆင်နယ် ထက်စာရင် မန်စီးတီး အသင်း က ဘရူနိုဂွီမာရေစ့် ကို ပိုမို ခေါ်ယူ နိုင်ချေ ရှိတယ်လို့လည်း ပြောကြား သွားခဲ့ပါတယ် ။

SM