Sports Myanmar

ဂန်းနားကြယ်ပွင့် ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်လို့ ချီးကျူးလိုက်တဲ့ အွန်နရီ

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ က အာဆင်နယ် အသင်း နောက်ခံလူ ဆလီဘာကို ချီးကျူးလိုက်ပြီး ဂန်းနား ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဗဟို နောက်ခံလူ ဖြစ်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဒုတိယနေရာနဲ့သာ ကျေနပ် ခဲ့ရ‌ပေမယ့် ပရီးမီးယားလိဂ် ရဲ့ ခံစစ် အကောင်းဆုံး အသင်း ဖြစ်ခဲ့ပြီး ၊ ပေးဂိုး ၂၉ ဂိုးသာ ခွင့်ပြု ခဲ့ရပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ခံစစ် စွမ်း‌ဆောင်ရည် မှတ်တမ်းကောင်းမှာ ဆလီဘာ နှင့် ဂါဘရီရယ် တို့ဟာ အခရာ ကျခဲ့ပြီး ဘောလုံးဝေဖန်သုံးသပ်သူ အများစုရဲ့ ချီးကျူးမှုကိုလည်း ရရှိ ခဲ့ပါတယ် ။

အွန်နရီ ကလည်း ယူရို အကြို ရွေးချယ် ခဲ့ရတဲ့ ကစားသမားတွေ နဲ့ ပတ်သက်ပြီး ပြောဆို သုံးသပ်ရာမှာ ဆလီဘာ နဲ့ ပတ်သက်ပြီး ” သူနဲ့ တစ်ဦးချင်း ရင်ဆိုင် ရတဲ့ အခါမျိုးမှာ သူ့ကို ကျော်ဖြတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုး ရစေတဲ့ ကစားသမားပါ ။ ကျနော်ကတော့ သူက ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဗဟို နောက်ခံလူ လို့ ဆိုချင်ပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

အွန်နရီ ဟာ ပဲရစ် မှာ အိုလံပစ် ပြိုင်ပွဲအတွက် ဆလီဘာ ကို ရွေးချယ်ချင်ခဲ့ပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ပြင်သစ် အသင်းကြီး အတွက် ရွေးချယ် ခံခဲ့ရတာကြောင့် ဂန်းနား ကြယ်ပွင့်ကို ခေါ်ယူခွင့် မရခဲ့ပါဘူး ။ ဒါပေမဲ့လည်း လက်တစ်လော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆလီဘာ ဟာ ကိုနာတေး နှင့် အူပါမီကာနို တို့ရဲ့နောက် တတိယ ဦးစားပေး နောက်ခံလူ အဖြစ်သာ ကစားခွင့် ရမယ်လို့ သိရပါတယ် ။

ဆလီဘာဟာ ကနေဒါ အသင်း နဲ့ ဂိုးမရှိ သရေ ကျခဲ့တဲ့ ခြေစမ်းပွဲမှာတော့ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar