Sports Myanmar

သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး နည်းပြ အာတီတာ နှင့် အီဒူး ကို ပြတ်ပြတ်သားသား အသိပေးလိုက်တဲ့ ရမ်စ်ဒေးလ်

အာဆင်နယ် အသင်းရဲ့ ဂိုးသမား အာရွန် ရမ်စ်ဒေးလ် က သူ့အနေနဲ့ လာမယ့် ရာသီမှာတော့ အရန်ခုံမှာပဲ ထိုင်မနေချင်တော့ကြောင်း နည်းပြ အာတီတာ ထံ အသိပေး စကား ပြောကြား လိုက်ပြီ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နှစ် နွေရာသီမှာ ဒေးဗစ်ရာယာ အငှားနဲ့ ရောက်ရှိလာမှုနဲ့ အတူ ရမ်စ်ဒေးလ် ဟာ သူ့ရဲ့ ပွဲထွက် ကစားသမား နေရာကနေ ဖယ်ပေး ခဲ့ရပြီး ၊ ပြိုင်ပွဲစုံ ၁၀ ပွဲသာ ကစားခွင့် ရရှိ ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနွေရာသီမှာ ရာယာကို အပြီးသတ် ခေါ်ယူတော့မှာ ဖြစ်ပြီး ရမ်စ်ဒေးလ် ကတော့ သူ့ရဲ့ ပုံမှန် ပွဲထွက်ခွင့် အတွက် အသင်းကနေ ထွက်ခွာဖို့ ရှိနေပါတယ် ။

လက်ရှိ အချိန်မှာ နယူးကာဆယ် အသင်းဟာ ရမ်စ်ဒေးလ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အာဆင်နယ် အသင်း သတ်မှတ်ထားတဲ့ ပေါင်သန်း ၃၀ ကိုတော့ ပေးချေဖို့ တွန့်ဆုတ်နေပါတယ် ။ ရမ်စ်ဒေးလ် ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး talkSport မှာ ” ဘောလုံး မကစားချင်တဲ့ ဘောလုံးသမားရယ်လို့တော့ မရှိပါဘူး။ ပြောရရင် ဒီနှစ်မှာ ပွဲမကစားရတော့ ကျနော့်အတွက် အတော်လေး ခက်ခဲတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ် ။ ကျနော် ဒါမျိုး ထပ်မဖြစ်ချင်တော့ပါဘူး ။ ”

” ဒါပေမဲ့ နိုင်ငံ အသင်းကို ရောက်လာတဲ့ အချိန်မှာ နည်းပြ ဆောက်ဂိတ် ရဲ့ ပြောစကားတွေက ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကို အများကြီး အပြောင်းအလဲ ဖြစ်စေပါတယ် ။ သူက ကျနော့် အသင်းရဲ့ နံပါတ် ၃ ၊ ၄ ၊ ၁ တခုခု ဖြစ်တယ်လို့ ‌ပြောလာခဲ့ရင်တောင် ကျနော်က အသင်းအတွက် အစွမ်းကုန် ပေးဆပ် ကစားသွားမှာပါ ။ အသင်းနဲ့ အတူ လေးနာရီ လေ့ကျင့်ခန်း ဆင်းဆိုလည်း ဆင်းနိုင်ပါတယ် ။ ”

” ယှဉ်ပြိုင်မှုက ကျနော်တို့ လိုအပ်နေတဲ့ အရာပါပဲ ။ ကစားသမား ၁၁ ယောက်ကို အလွယ်တကူ ရွေးချယ်လို့ ရတာထကိ နည်းပြ‌တွေ ခေါင်းကိုက်ရလောက်အောင် ရွေးရတာမျိုး ဖြစ်ရမှာပါ ၊ ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် ၇ ပွဲ လုံးမှာ ကစားသမား ၁၁ ဦး တည်းကို အားကိုး မှီခို နေလို့ မရပါ ဘူး ။ ”

ဆက်လက်ပြီး ရာယာ ကို ပထမ ဂိုးသမားနေရာ လွှဲပေးလိုက်ရတဲ့ အပေါ် ဘယ်လို ခံစားရသလဲ ဆိုတဲ့ မေးခွန်းကို ရမ်စ်ဒေးလ် က ” တကယ့်ကို ခက်ခဲပါတယ် ။ အခု အချိန်မှာတော့ ကျနော် စိတ်သက်သာရာရနေပါပြီ ၊ အင်္ဂလန် အသင်းမှာ ပါဝင် ကစားခွင့် ရတဲ့ အတွက် အကြီးအကျယ် ဂုဏ်ယူ မိသလို ရင်ဘတ်မှာ ဒီတံဆိပ်ကို ဆင်မြန်းခွင့် ရတဲ့ အတွက် ဂုဏ်ယူမဆုံးပါဘူး ။ ”

” ကျနော် အရင်ကလည်း ပြောခဲ့ဖူးပါတယ် ။ အင်္ဂလန် အတွက် ကစားရသည် ဖြစ်စေ ၊ မကစားရသည်ဖြစ်စေ အသင်းမှာ ရှိနေရတာကိုက ကျနော့်အတွက် အကောင်းဆုံး နေ့ရက်တစ်ရက်ပါပဲ ။ အင်္ဂလန် အသင်း ရဲ့ လက်ရှိ ၂၆ ယောက် ၂၇ ယောက်ထဲမှာက ကျနော်က အပျော်ရွှင်ဆုံး လူတောင် ဖြစ်နိုင်ပါတယ် ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ တင်သာမက ၊ အိမ်ကနေ အားပေးနေကြမယ့် သန်းပေါင်းများစွာသော ပရိသတ်တွေကို ပျော်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar