Eleven Media Group

ယူရို-၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: X

ရိုမေးနီးယား နှင့် ယူကရိန်း (မြန်မာစံတော်ချိန် တနင်္လာည ရး၃၀ နာရီ)

ရိုမေးနီးယားက ခြေစစ်ပွဲမှာ တော်တော်လေး တိုးတက်လာတဲ့အသင်းဆိုပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ ရလဒ်က သိပ်အားရစရာမရှိဘူး။ ယူကရိန်းအသင်းကလည်း နောက်ဆုံး ၃ ပွဲမှာ တစ်ပွဲသာ နိုင်ခဲ့တယ်။ နှစ်သင်းစလုံးက အသင်းလိုက် မာကျောကြပြီး ခံစစ်ပိုင်းကစားပုံ ကောင်းမွန်တဲ့အသင်းတွေဖြစ်လို့ တစ်သင်းနဲ့တစ်သင်း ကျော်ဖြတ်ရခက်မယ့် ပွဲတစ်ပွဲတော့ ဖြစ်နိုင်တယ်။ နှစ်သင်းတွေ့ဆုံမှုတွေမှာ ဂိုးများခဲ့ပေမဲ့ ဒီတစ်ကြိမ်ကတော့ ၀-၀၊ ၁-၁ ပါပဲ။

ဘယ်လ်ဂျီယံ နှင့် ဆလိုဗက်ကီးယား (မြန်မာစံတော်ချိန် တနင်္လာည ၁ဝး၃၀ နာရီ)

ဆလိုဗက်ကီးယားက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျော်ဂျီယာ၊ အယ်လ်ဘေးနီးယားတို့လိုပဲ အားအနည်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ ဘယ်လ်ဂျီယံအသင်းက အခုအချိန်မှာ စာရွက်ပေါ်က လူစာရင်းအရ အကောင်းဆုံးအနေအထားမဟုတ်ပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ တော်တော်လေး အားကောင်းတဲ့ လူငယ်ကြယ်ပွင့်တွေရှိနေတယ်။ လူကာကူရဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေက စွမ်းဆောင်ရည်ကလည်း တော်တော်လေးကောင်းပါတယ်။ ဘယ်လ်ဂျီယံအနိုင်သေချာတယ်။

သြစတြီးယား နှင့် ပြင်သစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ပြင်သစ်အသင်းက ရှေ့၊ လယ်၊ နောက် နေရာစုံမှာ အားကောင်းတဲ့အသင်းတစ်သင်းပါ။ ဒီအသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီး ပါဝင်နေသလို တိုက်စစ်နဲ့ ကွင်းလယ်ကစားပုံက အရည်အသွေးမြင့်တယ်။ သြစတြီးယားကလည်း Energy အရမ်းအားကောင်းတဲ့အသင်းဖြစ်ပြီး အရည်အသွေးမြင့်ကစားသမားတွေ မနားတမ်းအလုပ်လုပ်တဲ့ အသင်းတစ်သင်းပါ။ ဒါပေမဲ့ အမ်ဘာပေ ဦးဆောင်တဲ့အသင်းရဲ့ တိုက်စစ်က ခြားနားမှု ဖြစ်လိမ့်မယ်။ ပြင်သစ်ကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group