Eleven Media Group

ဘာပေရဲ့ ဒဏ်ရာပြဿနာနဲ့ ပြင်သစ်ရဲ့ စိန်ခေါ် နိုင်စွမ်း

Photo : Getty Images

ပြင်သစ်အသင်း ရှေ့ဆက်ယှဉ်ပြိုင်ရမယ့်ပွဲတွေမှာ ဘာပေအနေနဲ့ အကာအကွယ် Mask တပ်ပြီး ကစားရတော့မယ်ဆိုတဲ့သတင်း ထွက်ပေါ် လာပြီး မရှေးမနှောင်းမှာပဲ ဘာပေအနေနဲ့ ပြင်သစ်အသင်းရဲ့ လက်ကျန်အုပ်စုပွဲ နှစ်ပွဲစလုံးကို လွဲချော်ရနိုင်တယ်ဆိုတဲ့သတင်းလည်း ထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအထိတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ အဖြေအတိအကျ မသိရသေးပါဘူး။ ပြင်သစ်အသင်းက အုပ်စုဒုတိယပွဲကို သောကြာနေ့မှ ကစားရမှာဆိုတော့ အလျင်စလိုဆုံးဖြတ်စရာ၊ အသိပေးစရာလည်း မလိုသေးဘူးလေ။ ဒါပေမဲ့ ပြင်သစ်အသင်းရဲ့ အရေးအပါဆုံး ကစားသမား၊ ပြောရရင် ဒီပြိုင်ပွဲရဲ့ အရေးအပါဆုံး ကစားသမားတစ်ယောက်လို့တောင် ဆိုရမယ့် ဘာပေရဲ့ ဒဏ်ရာအခြေအနေကို တစ်ကမ္ဘာလုံးက ပရိသတ်တွေ သိချင်စိတ်ပြင်းပြနေမှာ သေချာပါတယ်။

မူရင်းသတင်း — Eleven Media Group