Eleven Media Group

ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် ပွဲကြိုသုံးသပ်ချက်

Photo: X

အာဂျင်တီးနား နှင့် ကနေဒါ (မြန်မာစံတော်ချိန် သောကြာနံနက် ၆း၃၀ နာရီ)

ကနေဒါအသင်းက အာဂျင်တီးနားနဲ့ မတွေ့ဆုံခင် နယ်သာလန်၊ ပြင်သစ်တို့လို ထိပ်သီးအသင်းတွေနဲ့ ခြေစမ်းပွဲကစားပြီး သေချာပြင်ဆင်ထားတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းကလည်း အုပ်စုပွဲအားလုံး အရေးနိမ့်ခဲ့ပေမဲ့ အသိအမှတ်ပြုလောက်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့တယ်။ အခုလူစာရင်းမှာလည်း အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဒေးဗစ်၊ ဘူချာနန်၊ အူစတာကီယို၊ လာရင်တို့လို ဥရောပရောက်ကစားသမားတွေနဲ့ လူစုံပါတယ်။ လက်ရှိချန်ပီယံနဲ့ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားကတော့ တိုက်စစ်နဲ့ ကွင်းလယ်မှာ ဘယ်လိုပုံစံ ပွဲထွက်လာမလဲဆိုတာ ခန့်မှန်းရခက်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ပီယံဂုဏ်သိက္ခာကြောင့် အာဂျင်တီးနားကိုပဲ ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group