
မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်းရူနီဟာ ပြီးခဲ့တဲ့ Sky Bet နဲ့ တွေ့ဆုံခဲ့တဲ့ အစီအစဉ် တခုမှာ ၂၀၀၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ ပင်နယ်တီ လွဲခဲ့တာနဲ့ ပတ်သက်ပြီး စရင်းနောက်ရင်း အနည်းငယ် တိုက်ခိုက်ခဲ့ပါတယ် ။
သို့ပေမယ့် ရူနီ က ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီကတော့ သူ မြင်ဖူးသမျှ ပင်နယ်တီ အဆုံးသတ် အကောင်းဆုံ ကစားသမာ တယောက် ဖြစ်ကြောင်းကို ” ဂျေမီ ကာရေဂါက ဘယ်လိုလုပ်ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ဝင်ကန်နိုင်မှာလဲ ? ဒါက တကယ် ရှော့ခ်ရစရာပါပဲ ။ ”

” ကျွန်တော် တခု ပြောနိုင်တာက ဂျွန်တယ်ရီဟာ ကျွန်တော် မြင်ဖူးသမျှထဲ အကောင်းဆုံး ပင်နယ်တီ ကန်သွင်းသူ တယောက်ပါပဲ ။ ၂၀၀၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကျွန်တော် လူစားလဲ ခံလိုက်ရပြီးနောက် ၊ ကျွန်တော် သူ ပင်နယ်တီ ကန်တဲ့ အလှည့် ရောက်လာတာကို ကြည့်ပြီး ‘ သွားပြီ ‘ လို့ တွေးခဲ့မိတာပါ ။ ဘာလို့လဲဆိုတော့ အင်္ဂလန်က ထရိန်နင်တွေမှာ သူ ပင်နယ်တီ ကန်တာတွေ ကျွန်တော် မြင်ခဲ့ဖူးလို့ပါ ။ ကံကောင်းစွာနဲ့ သူ ချော်လဲခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး ရူနီက သူ လေ့ကျင့်ရေးကွင်းမှာ ပင်နယ်တီ ဘယ်လို ကန်ကျင့်ခဲ့လဲ ဆိုတာ ဖွင့်ဟရင်း ၊ အသင်းဖော်တွေကိုလည်း ပင်နယ်တီနဲ့ ပတ်သက်ကာ ဘယ်လို အကြံပြုခဲ့လဲ ဆိုတာလည်း အခုလိုပဲ ပြန်ပြောင်းပြောပြလာပါတယ် ။
ရူနီ က ” ပင်နယ်တီ ကျင့်တဲ့အခါ ကျွန်တော်ဟာ ဂိုးသမားကို ဘယ်ဖက်အခြမ်းကို ကန်မယ် ၊ ကန်မယ့်ဖက်ကို သေသေချာချာ ဖမ်းဖို့ပါ မှာတတ်ပါတယ် ။ ဒါပေမယ့် အဲဒီအချိန် တခြား အသင်းဖော်တွေက ခင်ဗျားကို လာဝင်ရှုပ်တာမျိုးတွေနဲ့ ကြုံရင် ဒါက ခင်ဗျားကို အာရုံ လွင့်ပြယ်စေပါတယ် ။ ”

” ကိုယ့်အသင်းဖော်တွေကိုလည်း ကျွန်တော် က ‘ မင်းတို့ ဒီမှာ လေ့ကျင့်နေတဲ့အခါ တကယ့် ပွဲအတွင်းမှာ ကန်နေရတယ် ဆိုတဲ့ စိတ်မျိုးထားပါ ‘ လို့ ပြောဖြစ်ပါတယ် ။ ခင်ဗျားဟာ ကြိုက်သလောက် လေ့ကျင့်နိုင်ပေမယ့် ကွင်းထဲမှာ ပရိသတ်တွေ ၊ ဖိအားဒဏ်တွေရဲ့အောက် ရောက်တဲ့အခါ အဆုံးမသတ်နိုင် ဖြစ်တတ်ပါတယ် ။ ဒါက ထရိန်နင်ကွင်းထဲမှာ လေ့ကျင့်ပြီး ကန်ရတာနဲ့ လုံးဝ ကွဲပြားခြားနားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ရူနီနဲ့ အတူ နှစ်ပေါင်းများစွာ အတူတူ တွဲကစားလာခဲ့တဲ့ သရဲနီ ဂန္တဝင်ဟောင်း ဂယ်ရီနဗီးလ်ကလည်း ၎င်းတို့ ခေတ်ကတည်းကနေ ယခုအချိန် အထိ အင်္ဂလန်ရဲ့ ပင်နယ်တီ အဆုံးအဖြတ် ညံ့ဖျင်းမှုနဲ့ ပတ်သက်ကာ အခုလိုပဲ ဝန်ခံစကား ဆိုလာပါတယ် ။

နဗီးလ် က ” ခင်ဗျားဟာ နောက်ဆုံး ပြိုင်ပွဲ ၈ခုမှာ ၅ခုက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ထွက်ခွာခဲ့ရတယ်ဆိုတာ ဒါက ကံတရားကြောင့် ဆိုတာထက် ပိုနေပါပြီ ။ အရင်တုန်းက ကျွန်တော်တို့ဟာ ‘ ပင်နယ်တီက ၅၀-၅၀ ပဲ ‘ လို့ တွေးခဲ့ကြပါတယ် ။ တကယ်တော့ မဟုတ်ပါဘူး ။ ခင်ဗျားဟာ ကွင်းထဲမှာ နည်းစနစ် တကယ်တော်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
SPORTS MYANMAR