
ဂယ်ရီနဗီးက အင်္ဂလန်မန်နေဂျာ ဂါရက်ဆောက်ဂိတ် အနေနဲ့ လာမည့် အင်္ဂါနေ့ ဆလိုဗေးနီးယားနဲ့ ပွဲစဉ်မှာ အပြောင်းအလဲ ၂ ခုကို ပြုလုပ်သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ အင်္ဂလန်ဟာ အုပ်စုစီမှာ ရမှတ် ၄ မှတ်နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပေမယ့်လည်း ဆားဘီးယား ဒိန်းမတ်တို့နဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းဆိုးခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။
ဆောက်ဂိတ်ဟာ ၂ ပွဲစလုံး တူညီတဲ့ လူစာရင်းကို အသုံးပြုသွားခဲ့ပြီး အလက်ဇန်းဒါးအာနိုးကို ကွင်းလယ်ပိုင်းမှာ စမ်းသပ်မှုလည်း မအောင်မြင်ခဲ့သလို ကိန်း ဖိုဒန် ဆာကာ နဲ့ ဘယ်ခြမ်းတိုက်စစ်က သေနေတဲ့ ပြသနာတွေလည်း ရှိနေပါတယ်။ ဂယ်ရီနဗီးကတော့ ဆောက်ဂိတ် အနေနဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲ လုပ်သွားရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။

ဂယ်ရီနဗီးက “သေချာပေါက် အပြောင်းအလဲ လုပ်သွားရမှာပါ။ ပြီးခဲ့တဲ့ပွဲစဉ်တွေက ဗျူဟာကို သူ မဖြစ်မနေ ဖျက်စီးပစ်ရမှာပါ။ ရိုက်စ် အတွက် ပါတနာ နဲ့ တိုက်စစ်ပိုင်းက ကိန်းရဲ့ ပါတနာက လိုအပ်နေပါတယ်။ ဒါဟာ ဂေါ်ဒွန် နဲ့ မိုင်နူး ပါပဲ။ ဒန်ကလန်ရိုက်စ် အနေနဲ့ ကွင်းလယ်ပိုင်းမှာ ခံစစ်ကနေ ဘောလုံးကို ရယူကာ တိုက်စစ်ကို ပံ့ပိုးပေမယ့်နိုင်မယ့် တွဲဖက်ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
လျှင်မြန်မှုပိုင်းနဲ့ ပက်သက်ပြီး မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။ ကျနော်တို့ဒါကို ရက်အနည်းငယ် ပြောလာခဲ့တာပါ။ ဂါရက်ဆောက်ဂိတ် အနေနဲ့ ပြီးခဲ့တဲ့ ပြိုင်ပွဲကြီးတွေလိုမျိုး Back Three ကို ပြောင်းဆော့တာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ left wing-back role ဟာ ဂါရက် အတွက် လုပ်ကိုင်ရ ခက်ခဲနေပါတယ်။

အပြောင်းအလဲ လုပ်ဖို့ လိုအပ်တဲ့အချိန်မှာ ဂါရက်ဆောက်ဂိတ် အတွက် ကောင်းတဲ့ အချက်ကတော့ အသင်းဟာ ဇယားထိပ်မှာ ရှိနေခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ဟာ ဆလိုဗေးနီးယားကို နိုင်နိုင်ခြေ ရှိပါတယ်။ အတိတ်ကလိုမျိုး အုပ်စုတက်ရန် အသဲအသန် ကန်နေရတဲ့ အချိန်မျိုး မဟုတ်ပါဘူး။ ဒီကစားသမားတွေဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။”