
ယူရို-၂၀၂၄ ကတော့ အုပ်စုပွဲစဉ် (၃)နဲ့အတူ ပြိုင်ပွဲရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာအခိုက်အတန့် တစ်ခုဆီရောက်ရှိနေခဲ့ပါပြီ။ အုပ်စုပွဲစဉ် (၂)အပြီး မှာပဲ အိမ်ရှင် ဂျာမနီ၊ စပိန်နဲ့ ပေါ်တူဂီတို့လို ရှုံးထွက် (၁၆)သင်းအဆင့်ဆီ စောစောစီးစီး လက်မှတ်ဖြတ်နိုင်တဲ့အသင်းတွေ ထွက်ပေါ်ခဲ့သလို၊ အုပ်စုပွဲစဉ် (၃)မှာမှ နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် ရေကုန်ရေခန်းတိုက်ပွဲဝင်ရဦးမယ့်အသင်းတွေလည်း ကျန်ရှိနေပါတယ်။ ထိပ်တန်းအဆင့်ပြိုင်ပွဲ ကြီးတွေရဲ့ အစဉ်အလာအတိုင်း ယူရို-၂၀၂၄ ပြိုင်ပွဲဟာလည်း အုပ်စုပွဲစဉ်တွေမှာကတည်းက ပရိသတ်ကို ရသအစုံအလင်ခံစားစေခဲ့ပြီး မထင်မှတ်ထားတဲ့ ရလဒ်တွေ၊ စွမ်းဆောင်ရည်မှတ်တမ်းကောင်းတွေ၊ စံချိန်မှတ်တမ်းသစ်တွေ၊ အံ့အားသင့်စရာဖြစ်ရပ်တွေနဲ့အတူ ပြိုင်ပွဲရဲ့အရှိန်အဟုန်ကို တစ်ဆင့်ချင်းဆီ မြင့်တက်စေခဲ့တာပါ။ ဒါ့ပြင် ယခုရက်သတ္တပတ်အတွင်းမှာပဲ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်တွေကို စတင်ကစားတော့မှာဖြစ်လို့ ယူရို-၂၀၂၄ ရဲ့ ဇာတ် ရှိန်အမြင့်ဆုံးကာလကို ရောက်ရှိလာတော့မှာဖြစ်ပြီး၊ ဒီပွဲစဉ်တွေမတိုင်မီ ယူရို-၂၀၂၄ ရဲ့အုပ်စုပွဲစဉ် (၂)အပြီး အမှတ်တရတွေကို ပုံဖော်ကြည့်ခဲ့ရာမှာတော့ . . .