
ဂယ်ရီနဗီးက ကိုဘီမိုင်နူးကို လာမည့် တနင်္ဂနွေနေ့ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ နောက်ဆုံး ၁၆ သင်းအဆင့် ပွဲစဉ်မှာ မဖြစ်မနေ ပွဲထွက်ခွင့် ပေးရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန်ဟာ အုပ်စုစီ နောက်ဆုံးပွဲစဉ်မှာ ဆလိုဗေးနီးယားနဲ့ ဂိုးမရှိသရေကျကာ နောက်ထပ် စိတ်ပျက်စရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန်ဟာ အုပ်စုဗိုလ်နဲ့ နောက်တဆင့်ကို တက်သွားခဲ့ပြီး ရှုံးထွက်အဆင့်မှာ နယ်သာလန် ရိုမေးနီးယား ဆလိုဗက်ကီးယား ယူကရိန်း သို့ ဘယ်ဂျီယံ နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေကလိုပဲ ကွင်းလယ်ပိုင်းမှာ ဟန်ချက်မညီတဲ့ ပြသနာကို ကြုံနေရပြီး အလက်ဇန်းဒါးအာနိုး နေရာကို ဝင်ကစားခဲ့တဲ့ ဂါလေဂါ ကလည်း ရုန်းကန်ခဲ့ရကာ ပထမပိုင်းအပြီး လူစားလဲခံခဲ့ရပါတယ်။

ဂါလေဂါရဲ့ နေရာမှာ ဝင်ကစားခဲ့တဲ့ မိုင်နူးဟာ အင်္ဂလန်ရဲ့ ကွင်းလယ်ပိုင်းကို ချက်ချင်းသက်ရောက်မှု ပေးနိုင်ခဲ့ပြီး ဂယ်ရီနဗီးက ဒီတစ်ပတ် ၁၆ သင်းအဆင့် ပွဲစဉ်မှာ မိုင်နူးကို ပွဲထွက်ကစားစေဖို့ တိုက်တွန်းလိုက်ပါတယ်။
နဗီးက “ကျနော်သာဆိုရင် လာမည့်ပွဲစဉ်မှာ မိုင်နူးကို ၁၀၀% ပွဲထွက် ကစားစေမှာပါ။ ဂါလေဂါ ကတော့ option ဖြစ်နိုင်ပြီး သူဟာ စွမ်းအင်တွေကိုတော့ ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ကွင်းလယ်ပိုင်းမှာ ဘောလုံးကို ကောင်းကောင်း ကိုင်ကစားနိုင်တဲ့သူ လိုအပ်နေတာ အသိသာကြီး ဖြစ်ပြီး မိုင်နူးက ဒီနေရာမှာ ကောင်းကောင်း လုပ်ပြခဲ့ပါတယ်။ ဝါတန်ကလည်း ဒီလို လုပ်ပေးနိုင်စွမ်း ရှိတယ်လို့ ကျနော် ထင်ပါတယ်။

ဒီနေ့ပွဲစဉ်မှာ လူစားထိုးမှုတွေ လုပ်လေလေ ကစားပုံက ကောင်းလေလေ ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အင်္ဂလန်ဟာ တအားကို ထိန်းကစားနေပြီး ကျနော်တို့ ကြည့်ရတာ တကယ် ဆိုးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ တိုက်စစ်ဆင်ကစားမှု အများကြီး လုပ်ခဲ့ပါတယ်။ လိုချင်တဲ့ ရလဒ်ကို မရခဲ့ပေမယ့်လည်း ကောင်းမွန်တဲ့ အရာတွေ မြင်တွေ့ခဲ့ရပါတယ်။” လို့ ဆိုလိုက်ပါတယ်။
SM