
ဂန်းနား ဂန္တဝင် တိုက်စစ်မှူးဟောင်း အီရန်ရိုက် က အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ် အနေနဲ့ ဆာကာ ကို ဘယ်နောက်ခံလူ နေရာ ပို့ပြီး ကိုးလ်းပါးလ်မား ကို ညာတောင်ပံ တိုက်စစ် နေရာမှာ ထားကစား သင့်တယ်လို့ တိုက်တွန်း အကြံ ပေးသွားခဲ့ပါတယ် ။
ယူရို မတိုင်မှီ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်နေခဲ့တဲ့ အင်္ဂလန် အသင်းဟာ အုပ်စု ပွဲစဉ်တွေ အပြီးအထိ ပရိသတ်တွေ ကျေနပ် အားရလောက်စရာ ခြေစွမ်းမျိုး ပြသ နိုင်ခြင်း မရှိသေးဘဲ တိုက်စစ်ကလည်း သွင်းဂိုး နှစ်ဂိုးသာ သွင်းယူ ထားနိုင်ပါသေးတယ် ။

သွင်းဂိုးတွေ ရဖို့ ရုန်းကန် နေရတဲ့ အင်္ဂလန် အသင်း အနေနဲ့ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီး နဲ့ အတူ သွင်းဂိုးတွေ အမြောက်အများ သွင်းယူ နိုင်ခဲ့တဲ့ ပါးလ်မား ကို ပွဲထွက် အသုံးပြု သင့်ပြီလို့ အီရန်ရိုက် က ITV မှာ ပြောကြား သွားခဲ့ပါတယ် ။ ကိုးလ်ပါးလ်မား အနေနဲ့ လက်ရှိ ယူရို ပြိုင်ပွဲမှာ အင်္ဂလန် အတွက် ၁၉ မိနစ်သာ ကစားရသေးတာ ဖြစ်ပါတယ် ။
” ဆာကာ က အခွင့်အရေးတွေ ဖန်တီးနိုင် ၊ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ ပြုလုပ် နိုင်သူ ဆိုပေမယ့် သူက ဘယ်ခြေ အားသန် ကစားသမား စစ်စစ်ပါ ။ လူငယ် အဆင့်မှာလည်း ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့တာပါ ၊ အာဆင်နယ်မှာလည်း ဘယ်ခြမ်းမှာ စတင် ကစားခဲ့သူပါ ၊ သူသာ အသင်း ရဲ့ ဟန်ချက်ကို ထိန်းပေးနိုင်မယ်ဆိုရင် ပါးလ်မားကို အသင်း လူစာရင်းထဲ ထည့်လို့ ရပါတယ် ။ ”

” ဝေါလ်ကာကလည်း ဘယ်နောက်ခံလူ နေရာမှာ ကစား နိုင်သူ ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ အင်္ဂလန် အသင်း ကြုံနေရတာက ဘယ်ခြမ်းကနေ အတွင်း ဝင်လာချိန်မှာ ကူညီပေးမယ့်သူ ဘယ်သူမှ ရှိမနေတာပါပဲ ၊ ဆာကာ က ဘယ်ခြေ အားသန် ကစားသမား စစ်စစ်ဆိုတော့ သူသာ အဲ့ဒီမှာ ကစားရင် ဘယ်ခြမ်း တစ်ခုလုံး အသက် ဝင်လာမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM