Eleven Media Group

စပိိန်ကို ဂျာမနီနည်းပြဟောင်း ကလင်းစမန်း ချီးကျူး

Photos: X

ဂျာမနီနည်းပြဟောင်း ကလင်းစမန်းက စပိိန်အသင်းမှာ အရည်အသွေးမြင့် ကစားသမားများနှင့် ပြည့်နှက်နေသည်ဟု ချီးကျူးပြောကြားခဲ့သည်။
စပိန်အသင်းသည် အုပ်စု(B) တွင် ရာနှုန်းပြည့်အနိုင်ရကာ ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ကလင်းစမန်းက ''မာရာဒိုနာ၊ မက်ဆီတို့ပြီးတော့ အခု ယမားလ်ခေတ်ပေါ့။ စပိန်အသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် စပိန်အသင်းဟာ တိုက်စစ်မှာ ထူးချွန်ထက်မြက်တဲ့ ကစားသမားကောင်းများစွာကို ပိုင်ဆိုင်ထားတာပါ။ အရန်အင်အားကလည်း အရမ်းတောင့်တင်းပါတယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group