Sports Myanmar

အင်္ဂလန် Vs ဆလိုဗက်ကီးယား ၊ စပိန် Vs ဂျော်ဂျီယာ ပွဲတွေ အပေါ် ဆပ်တန် ရဲ့ခန့်မှန်းချက်

 

အင်္ဂလန် Vs ဆလိုဗက်ကီးယား ( ဇွန်လ ၃၀ ၊ တနင်္ဂနွေနေ့ ၊ မြန်မာ စံတော်ချိန် ည ၁၀ နာရီခွဲ )

” ယူရို ပြိုင်ပွဲမှာ ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်း အပေါ် ဝေဖန်မှု အချို့က လိုတာထက် ပိုများလွန်းနေပါတယ် ။ သူတို့က အုပ်စု ပထမ နဲ့ နောက်တစ်ဆင့် တက်ခဲ့တာတောင်မှပေ့ါ ၊ သူတို့ရဲ့ စွမ်းဆောင်ရည်က သိပ်မကောင်းတာ မှန်ပါတယ် ၊ ဒါပေမဲ့ သူတို့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ အုပ်စုပထမနေရာကို ရအောင် ယူ နိုင်ခဲ့ပါတယ် ။ ”

” အခု ရှုံးထွက်အဆင့်ကို ရောက်ပါပြီ ၊ နောက်ပြီး စပိန် ပြင်သစ် ဂျာမနီ ပေါ်တူဂီ တို့က လမ်းကြောင်းတစ်ဖက်တည်းမှာ ရှိနေတော့ အင်္ဂလန် အတွက် လမ်းကြောင်းက ချောင်နေပါတယ် ။ ပြိုင်ပွဲကို အကောင်းဆုံး စတင် နိုင်တဲ့ အသင်းတိုင်း ချန်ပီယံ ဖြစ်တာ မဟုတ်ပါဘူး ၊ ၂၀၁၆ ပေါ်တူဂီကိုပဲ ကြည့်ပါ ၊ ဩစတီးယား ၊ အိုက်စလန် ၊ ဟန်ဂေရီ တို့ ၃ သင်းစလုံးကို သရေကျခဲ့တဲ့ အသင်းပါ ။ ”

” အင်္ဂလန် အသင်းက ဒီထက် ပိုကောင်းလာနိုင်သေးတယ်ဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ် ။ ဒီပွဲက သူတို့ နိုင်ကို နိုင်သင့်တဲ့ ပွဲပါ ၊ ဆလိုဗက်ကီးယား က အဖွင့်ပွဲစဉ်မှာ ဘယ်ဂျီယံ ကို အနိုင် ရခဲ့ပြီး စုဖွဲ့မှု အားကောင်းတဲ့ အသင်းပါ ၊ ဒါပေမဲ့ တစ်ဦးချင်း ထူးချွန်တဲ့ ကစားသမား မရှိပါဘူး ။ အင်္ဂလန် အသင်း ဂိုးစောစော ရရင် သက်သောင့်သက်သာ အနိုင် ရသွားပါလိမ့်မယ် ။ ”

” ဆလိုဗေးနီးယား နဲ့ ပွဲက လူစာရင်း မှာ ‌ဂါလယ်ဂါ နေရာ မိုင်းနူးကို သုံးဖို့ မျှော်လင့်ပါတယ် ။ ပါးလ်မား ကို သုံးစေချင်ပါတယ် ၊ သူ က ကစားရတဲ့ မိနစ် ၂၀ လေးအတွင်းမှာ ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပီး အသင်းက ပိုကောင်း သွားခဲ့ပါတယ် ။ နံပါတ် ၁၀ နေရာမှာတော့ ထားမဆော့စေချင်ပါဘူး ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – အင်္ဂလန် ၂-၀ ဆလိုဗက်ကီးယား

စပိန် Vs ဂျော်ဂျီယာ ( ဇူလိုင်လ ၁ ၊ တနင်္လာ‌နေ့၊ မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲ )

” ဒီပြိုင်ပွဲမှာ ဂျော်ဂျီယာ လုပ်ပြထားတာတွေကို ကျနော် တကယ် သဘောကျပါတယ် ။ သူတို့က ခြေစစ်ပွဲမှာ စတုတ္တ ပဲ ရခဲ့တယ် ၊ မနှစ်က အိမ်ကွင်းမှာ စပိန်ကို ၇ ဂိုး တစ်ဂိုး နဲ့ ရှုံးတယ် ၊ ဒါပေမဲ့ အခု ဒီပြိုင်ပွဲမှာ အားလုံးကို အံ့အားသင့်အောင် လုပ်ထားနိုင်ပါတယ် ။ Khvicha Kvaratskhelia လောက်ပဲ ကြယ်ပွင့် ကစားသမား ရှိပေမယ့် ဂျာမနီမှာ ဖျက်လတ်တက်ကြွမှု အပြည့်နဲ့ လုပ်ပြ နေပါတယ် ။ ”

” ဘောလုံး ပိုင်ဆိုင်မှု ကို ဂရုမစိုက်ဘဲ တန်ပြန်တိုက်စစ် ကို အရှိန်အဟုန် ကောင်းကောင်း လျင်လျင်မြန်မြန် နဲ့ စတင် တတ်တဲ့ အသင်းပါ ။ ဂျော်ဂျီယာ က အသင်းကောင်း တစ်သင်း ဖြစ်ပေမယ့် စပိန် က အုပ်စု အဆင့်မှာ အကောင်းဆုံး အသင်းပါ ၊ ဟန်ချက်လည်း ညီပါတယ် ၊ ခံစစ်လည်း ကျစ်လစ်မာကျောပြီး တိုက်စစ်ကလည်း ခြိမ်းခြောက်မှု အပြည့် လုပ်နိုင်ပါတယ် ။ ယူရို မှာ ပြင်သစ် ဗိုလ်စွဲမယ်လို့ ကျနော် ရွေးထားပေမယ့် စပိန် က အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းပါ ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – စပိန် ၃-၁ ဂျော်ဂျီယာ

SM

မူရင်းသတင်း — Sports Myanmar