
အင်္ဂလန်ဟာ မနေ့ညက ဆလိုဗက်ကီးယားကို အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဆိုးဆိုးရွားရွား performance ကို ထပ်မံ ပြသခဲ့ပေမယ့်လည်း ရွိုင်ကိန်း ကတော့ ဆောက်ဂိတ်ရဲ့ အသင်း ဘက်ကနေ ထူးထူးခြားခြား ဆိုသလိုပဲ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်ဟာ ယူရို ၂၀၂၄ ကို လက်ပြဖို့ အတော်လေး နီးစပ်ခဲ့ပြီး မိနစ် ၉၀ ထိ ဆလိုဗက်ကီးယားရဲ့ ဦးဆောင်ဂိုးကို မချေပနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့်လည်း ၉၅ မိနစ်က ဘယ်လင်ဟမ်ရဲ့ နောက်ပြန်ကန်ချက်ကြောင့် အချိန်ပို ဆက်ကစားခွင့် ရခဲ့ပြီး အချိန်ပိုမှာ ဟယ်ရီကိန်းက ခေါင်းတိုက်သွင်းယူကာ အင်္ဂလန်ကို ကွာတားဖိုင်နယ် ပို့ဆောင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အင်္ဂလန် အသင်းဟာ ပရိတ်သတ်တွေရဲ့ boo ခြင်းကို ထပ်ခံခဲ့ရပြီး နည်းပြဆောက်ဂိတ်နဲ့ အင်္ဂလန် ကစားသမား တစ်ချို့ကတော့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ITV Pundit နဲ့ အင်္ဂလန် ကြယ်ပွင့်ဟောင်းတွေ ဖြစ်တဲ့ အီရန်ရိုက်နဲ့ ဂယ်ရီနဗီး တို့ဟာ ရလဒ်နဲ့ ပက်သက်ပြီး စိတ်သက်သာရာ ရမိတယ်လို့ ဆိုခဲ့ပေမယ့် performance ကိုတော့ မနှစ်သက်ပဲ ဖြစ်နေကာ ရွိုင်ကိန်းကတော့ ထိုသူတွေနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။
ကိန်းက “တစ်ခါတရံ ပွဲအပြီးမှာ ကိုယ့် performance နဲ့ ပက်သက်ပြီး reflect လုပ်ရပါတယ်။ ခင်ဗျားတို့ သဘောတူမှာ မဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်။ performance အကြောင်း ပြောရမယ်ဆိုရင် တစ်ခါတစ်ရံ ဒီ Level မှာ ဒီအဆင့်ကို ကျော်ဖြတ်ကာ အနိုင်ရဖို့က အရေးကြီးပါတယ်။ အားလုံးဟာ အရမ်းကောင်းတဲ့ ကစားပုံကို လိုချင်ကြပါတယ်။ ဒါပေမယ့် အင်္ဂလန်တို့ ရလဒ်ကောင်းတွေ ရပြီး ဖြတ်ကျော်နေနိုင်မယ်ဆိုရင်ကော?
လာမည့်ပွဲစဉ်ကတော့ အင်္ဂလန် အတွက် ခက်ခဲမယ့်ပုံစံပါပဲ။ ဒီလိုမျိုး ကစားသွားရင်တော့ ထွက်ရဖို့ များပါတယ်။ ဒါပေမယ့် အဲပွဲမှာ ဘယ်လို ဖြစ်လာမလဲ ကြည့်ရတာပေါ့။ အခုကတော့ သူတို့ကို ချီးကျူးသွားရမှာပါ။ ကျနော်တို့ ပထမပိုင်း အပြီးမှာ သူတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ နိုင်ပွဲရဖို့ အတွက် နည်းလမ်း ရှာတွေ့ခဲ့ပါတယ်။

ထိပ်တန်း ကစားသမားတွေဟာ အခိုက်အတန့်ကောင်းကို ရှာဖွေတက်ပါတယ်။ ဘယ်လင်ဟမ် ကစားပုံ စကောင်းလာချိန်မှာ ဘုရားသခင်က ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အင်္ဂလန်ကို နောက်တဆင့် တက်ရောက်စေနိုင်မယ့် ကြီးမားတဲ့ အခိုက်အတန့်ကို ဖန်တီးပေးခဲ့ပါတယ်။ ဒီလို လုပ်နိုင်ခဲ့တဲ့ အတွက် ကျနော်တို့ သူတို့ကို ချီးကျူးသွားရမှာပါ။ သူတို့ အနိုင်ရရန် နည်းလမ်း ရှာတွေ့ခဲ့ပြီး ဒီအတွက် ချီးကျူးရမှာပါ။
ကျနော့်ရဲ့ ကစားသမား ဘ၀ အတွင်းမှာ အကြီးမားဆုံး ကျေနပ်မှုတွေ ထဲက တစ်ချို့ကတော့ ကိုယ့်အသင်းက ကစားပုံ မကောင်းရင်တောင် နိုင်ပွဲ ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။”