
ရိုမေးနီးယား Vs နယ်သာလန် ( ဇူလိုင်လ ၂ ၊ အင်္ဂါနေ့၊ မြန်မာ စံတော်ချိန် ည ၁၀ နာရီခွဲ )
” ဒီပေး ခြေစွမ်းပြ ဂိုးတွေ သွင်းပြီး နယ်သာလန် အသင်းကို ကွာတားဖိုင်နယ် ပို့ပေးပါလိမ့်မယ် ။ ဒါပေမဲ့ သူတို့ရဲ့ ခြေစွမ်းကလည်း အထင်ကြီးစရာ ကောင်းမနေပြန်ပါဘူး ၊ နယ်သာလန် ကစားပုံက ဖရိုဖရဲ နိုင်တယ်လို့ မြင်ပါတယ် ၊ ဩစတီးယားက သူတို့ကို အနိုင်ယူ သွားခဲ့တာကြောင့် သူတို့ အုပ်စု တတိယနေရာ နဲ့ နောက်တစ်ဆင့် တက်လာခဲ့တာပါ ။ ”

” ရိုမေးနီးယား က အုပ်စု ပထမနဲ့ နောက်တစ်ဆင့်ကို တက်လာခဲ့တာ ဖြစ်ပြီးဝော့ာ မျှော်မှန်းထားတာထက် ပိုပြီးတော့ လုပ်ပြ ထားနိုင်ပါတယ် ။ သူတို့ ဒီပွဲကို ရေကုန်ရေခမ်း ကစားမှာ ဖြစ်ပေမယ့် ဒီပွဲက သူတို့ရဲ့ နောက်ဆုံးပွဲပဲ ဖြစ်သွားပါလိမ့်မယ် ။ ”
ဆပ်တန် ရဲ့ ခန့်မှန်းချက် – ရိုမေးနီးယား ၁-၃ နယ်သာလန်

ဩစတီးယား Vs တူရကီ ( ဇူလိုင်လ ၃ ၊ ဗုဒ္ဓဟူးနေ့၊ မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲ )
” ယူရို ၂၀၂၄ မှာ ဩစတီးယားက ဖျက်မြင်း အသင်း ဖြစ်လိမ့်မယ်ဆိုတာ ကျနော် အရင်ကတည်းက ပြောခဲ့ပါတယ် ။ သူတို့ကို အုပ်စု တတိယ နဲ့ နောက်တစ်ဆင့် တက်မယ်လို့ ထင်ခဲ့ပေမယ့် နယ်သာလန်အသင်းကို အနိုင်ရမယ်လို့ ကျနော် သုံးသပ် ခဲ့ပါတယ်။ ပြိုင်ပွဲမစခင်ကတည်းက သူတို့က အားလုံးကို အံ့အားသင့်အောင် လုပ်မယ့် အသင်းလို့ ကျနော် သတ်မှတ် ထားခဲ့တာပါ ။ ”
” ပြင်သစ်၊ နယ်သာလန် တို့ ပါဝင်နေတဲ့ အုပ်စုကြပ်မှာ အုပ်စု ပထမ ရပြီးတဲ့နောက် ရန်းနစ် ရဲ့ အသင်းက ဘယ်အခက်အခဲ အတားအဆီး ကိုမဆို ကျော်ဖြတ်ဖို့ အသင်း ဖြစ်နေမယ်လို့ ထင်ပါတယ် ။ တူရကီ က စိတ်ဝင်စား စရာ အသင်း တစ်သင်းပါ ၊ ကျနော့်ရဲ့ဖျက်မြင်း အသင်းစာရင်းထဲ မပါပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုက အံ့မခန်းပါပဲ ။ ”

” တူရကီမှာ စိတ်လှုပ်ရှားစရာ ကစားသမားကောင်းတွေ ရှိသလို သွင်းဂိုးတွေကလည်း အပျံစားပါပဲ ။ ဒါပေမဲ့ ဩစတီးယား ရဲ့ စုစည်းမှု အားကောင်းတာ နှင့် စိတ်ဓတ်ပြင်းပြမှုက ဒီပွဲကို အနိုင်ရစေပါလိမ့်မယ် ။ ”
ဆပ်တန် ရဲ့ ခန့်မှန်းချက် – ဩစတီးယား ၃-၁ တူရကီ
SM