Sports Myanmar

လေ့ကျင့်ရေးကွင်းမှာ စံချိန်သစ် တင်ခဲ့တဲ့ ကာလာဖီအိုရီ နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းများ

အာဆင်နယ် အသင်း ရဲ့ နောက်ခံလူသစ် ကာလာဖီအိုရီ ဟာ အသင်းရဲ့ Sobha Realty Training Centre တွင် အဆုတ် စွမ်းဆောင်ရည်ပိုင်း နှင့် မီတာ ၄၀ အပြေး လေ့ကျင့်ခန်းတွေမှာ စံချိန်သစ်တွေ စိုက်ထူနိုင်ခဲ့တယ်လို့ သိရပါတယ် ။ ဒါ့အပြင် ကာလာဖီအိုရီ ဟာ leg press နှင့် chest press မှာလည်း ဂါဘရီယဲလ် ၊ ဆလီဘာတို့နဲ့ တန်းတူ အမြင့်ဆုံး အလေးကို တွန်းတင် နိုင်ခဲ့တယ်လို့ Connor Humm ရဲ့ ဖော်ပြချက် အရ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ အန်ကီးတီးယား အတွက် မာဆေးလ် အသင်းရဲ့ယူရို ၂၇ သန်း ဝန်းကျင် နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်တယ်လို့ သိရပါတယ် ။ မာဆေးလ် အသင်းဟာ အန်ကီးတီးယား နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပေမယ့် အာဆင်နယ် နဲ့ ခုထက်ထိ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးတာပါ ။

နော်တင်ဟမ်ဖောရက်စ် အသင်း နှင့် အိုလံပီယာကောစ့် အသင်းတို့ကို ဦးစီးနေတဲ့ Evangelos Mariankis စီးပွားရေး အုပ်စု ဟာ အီဒူး ကို ကလပ် နှစ်သင်း စလုံး ရဲ့ CEO အဖြစ် ခန့်အပ်ဖို့ ရည်မှန်း နေတယ်လို့ ဘရာဇီး သတင်းထောက် Bruno Andrade က ရေးသား ဖော်ပြ လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ စမစ်ရို ကို ဖူလ်ဟမ် အသင်းထံရောင်းချရာမှာ sell on clause 10% ထည့်သွင်း ခဲ့တယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ စမစ်ရို ကို ဖူလ်ဟမ် အသင်းထံ ပေါင် ၂၇ သန်း + အပိုဆုကြေး ပေါင် ၇ သန်း နဲ့ ရောင်းချ လိုက်တာ ဖြစ်ပါတယ် ။

ရိုမာနို ကတော့ အာဆင်နယ် နှင့် ဆိုစီဒက် တို့ဟာ မီရင်နို အတွက် ယူရို သန်း ၃၀ ဝန်းကျင် နဲ့ သဘောတူညီမှု ရရှိရန် အလွန် နီးစပ်နေပြီ ဖြစ်ပြီး နောက်ဆုံး အဆင့် ကို ရောက်ရှိ နေပြီ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

SM

မူရင်းသတင်း — Sports Myanmar