
ဂျီနီဗာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တွင် စက်တင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ကမ္ဘာ့ပြေးခုန်ပစ်အဆင့်မြင့်ချန်ပီယံရှစ်ပြိုင်ပွဲသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြည့်ရှုသူ ၁၉၂ သန်းရှိခဲ့ပြီး ယင်းမှာ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲပြီးလျှင် ဤအားကစားအဖွဲ့အစည်း၏ ဒုတိယမြောက် ကြည့်ရှုသူအများဆုံး ပြိုင်ပွဲ ဖြစ်လာခဲ့သည်။
ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်သည် ၎င်းတို့၏ နောက်ဆုံးအပြီးသတ် ရုပ်သံထုတ်လွှင့်မှုနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုအစီရင်ခံစာများကို နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့ပြီး အဆိုပါပြိုင်ပွဲမှ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးနှင့် မီဒီယာတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
Nielsen ၏ ပြိုင်ပွဲအကျိုးသက်ရောက်မှုဆိုင်ရာ အကဲဖြတ်မှုအရ ဤကိန်းဂဏန်းတွင် ဘူဒါပက်စ်မြို့အတွက် တိုက်ရိုက်စီးပွားရေးသက်ရောက်မှုနှင့် မီဒီယာတန်ဖိုး ဒေါ်လာ ၈၃ ဒသမ ၆ သန်း ပါဝင်နေပြီး ယင်းက Ultimate Championship ပြိုင်ပွဲကို ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်၏ ပြိုင်ပွဲများအနက် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲပြီးလျှင် တန်ဖိုးအရှိဆုံး ပြိုင်ပွဲဖြစ်လာစေခဲ့သည်။
ပြင်ပကွင်းပြေးခုန်ပစ်ရာသီတိုင်းကို ကြီးမားသည့် ကမ္ဘာ့အဆင့်ချန်ပီယံရှစ်ပြိုင်ပွဲတစ်ခုဖြင့် အဆုံးသတ်နိုင်စေရန် ရည်ရွယ်ကျင်းပသည့် နှစ်နှစ်တစ်ကြိမ်ပြိုင်ပွဲသည် အိုလံပစ်ချန်ပီယံများ၊ ကမ္ဘာ့ချန်ပီယံများ၊ Diamond League အနိုင်ရရှိသူများနှင့် အခြားထိပ်တန်းကစားသမားများကို စုစည်းကာ ရုပ်သံထုတ်လွှင့်မှုအတွက် အထူးအလေးပေးထားသည့် ကျစ်လစ်သိပ်သည်းသော ပုံစံမျိုးဖြင့် ကျင်းပခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ပထမဆုံးအကြိမ်ကျင်းပသည့် ပြိုင်ပွဲတွင် ညနေခင်းအစီအစဉ် သုံးခုအတွင်း ပြိုင်ပွဲအမျိုးအစား ၂၈ မျိုး ပါဝင်ခဲ့ပြီး ဆုကြေးငွေအဖြစ် စံချိန်တင် အမေရိကန်ဒေါ်လာ ၁၀ သန်း ချီးမြှင့်ခဲ့ရာ တစ်ဦးချင်းချန်ပီယံဆုရှင် တစ်ဦးစီသည် ဒေါ်လာ ၁၅၀,၀၀၀ စီ ရရှိခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း ၁၇၀ ကျော်ထံ လွှမ်းခြုံပါဝင်နိုင်ရန် ထုတ်လွှင့်ခွင့်ရရှိထားသည့် ရုပ်သံလိုင်း ၄၈ ခုက ပြသခဲ့ပြီး ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်က တစ်ကမ္ဘာလုံးမှ ပရိသတ်များ အများဆုံးကြည့်ရှုနိုင်စေရန် အခမဲ့ရုပ်သံလိုင်းများမှ ထုတ်လွှင့်မှုကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………………….
(English version)
Inaugural World Athletics Ultimate Championship draws 192 million views
GENEVA, Nov. 25 (Xinhua) -- The inaugural World Athletics Ultimate Championship, held in Budapest, Hungary, in September, generated 192 million views worldwide, making it the governing body's second-most-watched event behind the World Athletics Championships.
World Athletics released its final broadcast and economic impact reports on Wednesday, saying the event generated around 100 million U.S. dollars in global economic and media value.
That figure included 83.6 million dollars in direct economic impact and media value for Budapest, according to an event impact assessment by Nielsen, making the Ultimate Championship the governing body's most valuable event outside the World Championships.
Launched to ensure every outdoor athletics season ends with a major global championship, the biennial event brings together Olympic champions, world champions, Diamond League winners and other leading athletes in a condensed, television-oriented format.
The inaugural edition, held from September 11 to 13, featured 28 events across three evening sessions and offered a record 10 million dollars prize fund, with individual champions receiving 150,000 dollars each.
The competition was broadcast by 48 rights holders covering more than 170 countries, with World Athletics prioritizing free-to-air television coverage to maximize its global audience.
Photo caption 1: Sebastian Coe, president of World Athletics, speaks at a press conference of World Athletics Ultimate Championships in Budapest, Hungary on Sept. 10, 2026. (Photo by David Balogh/Xinhua)
Photo caption 2: Claire Bryant of the United States attends a red carpet event of World Athletics Ultimate Championships in Budapest, Hungary on Sept. 10, 2026. (Photo by David Balogh/Xinhua)