Xinhua Myanmar

ပြင်သစ်ပြည်သူများက Alpes 2030 ကျင်းပရေးကို ထောက်ခံ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အထက်လွှတ်တော်အဆောက်အဦအနီးတွင် ပြည်သူများ အပန်းဖြေအနားယူနေကြသည်ကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံက ၂၀၃၀ ခုနှစ် ဆောင်းရာသီ အိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများအား အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းကို စစ်တမ်းဖြေဆိုသူ ၈၄ ရာခိုင်နှုန်းက ထောက်ခံကြကြောင်း နိုင်ငံတစ်ဝန်း ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ သိရသည်ဟု Alpes 2030 ပွဲစီစဉ်ရေးကော်မတီက နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါစစ်တမ်းကို Toluna Harris Interactive က အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ၂,၀၇၉ ဦးကို နိုင်ငံလူဦးရေကို ကိုယ်စားပြုသည့် နမူနာအဖြစ် ရွေးချယ်ကာ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ စစ်တမ်းအရ ဖြေဆိုသူ ၈၉ ရာခိုင်နှုန်းက ပြင်သစ်နိုင်ငံအနေဖြင့် အောင်မြင်သည့် အားကစားပြိုင်ပွဲတစ်ရပ်ကို ကျင်းပနိုင်မည်ဟု အကောင်းမြင်ထားကြပြီး ၈၄ ရာခိုင်နှုန်းက Alpes 2030 အပေါ် အပြုသဘောဆောင်သည့် သဘောထားရှိကြောင်း သိရသည်။

“စစ်တမ်းရလဒ်တွေက ပြည်သူတွေအကြား အသိအမြင် ပိုမိုမြင့်တက်လာတာ၊ ပြိုင်ပွဲအပေါ် အမြင်ကောင်းတွေ ရှိနေတာနဲ့ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ထိပ်တန်း ဆောင်းရာသီအားကစားသမားတွေကို ကြိုဆိုလက်ခံကျင်းပဖို့ ပြင်ဆင်နေတဲ့ ပြင်သစ်နိုင်ငံရဲ့ ကြိုတင်ပြင်ဆင်မှုတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိနေတာကို ဖော်ပြနေပါတယ်။ ဂုဏ်ယူမှု၊ ယုံကြည်မှုနဲ့ စူးစမ်းလိုစိတ်တွေဟာ ပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ စိတ်ခံစားမှုတွေထဲမှာ ပါဝင်နေပြီး ဒီပြိုင်ပွဲအတွက် ပြည်သူတွေရဲ့ မျှော်လင့်စောင့်စားမှု အားကောင်းနေတယ်ဆိုတာကိုလည်း ထင်ဟပ်စေပါတယ်” ဟု ပွဲစီစဉ်ရေးကော်မတီက ပြောကြားခဲ့သည်။

“ဒီစစ်တမ်းရလဒ်တွေဟာ Alpes 2030 ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်နေကြသူအားလုံးအတွက် အားတက်စရာ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ပြင်သစ်ပြည်သူတွေရဲ့ ခိုင်မာတဲ့ ထောက်ခံမှုက ကျွန်တော်တို့ရဲ့ တောင်တန်းဒေသတွေရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ အားသာချက်တွေအပေါ် အခြေခံပြီး ထူးချွန်တဲ့ ဆောင်းရာသီအိုလံပစ်နဲ့ မသန်စွမ်းအားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ တူညီတဲ့ ရည်မှန်းချက်ရှိနေကြတာကို ထင်ဟပ်စေပါတယ်” ဟု Alpes 2030 ပွဲစီစဉ်ရေးကော်မတီ ဥက္ကဋ္ဌ Geoffroy Roux de Bezieux က ပြောကြားခဲ့သည်။

“ဒီယုံကြည်မှုကို လက်တွေ့လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲဖို့က ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာ့ထိပ်တန်း ဆောင်းရာသီအားကစားသမားတွေကို ကြိုဆိုလက်ခံမယ့် ဒေသတွေအတွက် ရေရှည်တည်တံ့တဲ့ အပြုသဘောဆောင် သက်ရောက်မှုတွေ ဖန်တီးပေးရင်း အားကစားသမားတွေ၊ ပရိသတ်တွေနဲ့ ဒေသခံလူထုတွေ ဂုဏ်ယူနိုင်မယ့် Alpes 2030 ပြိုင်ပွဲကို အကောင်အထည်ဖော်ကျင်းပပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စစ်တမ်းဖြေဆိုသူများအနေဖြင့် ပြင်သစ်နိုင်ငံ၏ နိုင်ငံတကာမှ လာရောက်သူများကို ကြိုဆိုလက်ခံနိုင်မှု၊ လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်နိုင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ပရိသတ်များ၏ သွားလာမှုကို စီမံခန့်ခွဲနိုင်မှုတို့အပြင် ပြိုင်ပွဲများကို သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အောင်မြင်စွာ ကျင်းပနိုင်မှုတို့အပေါ် ယုံကြည်မှုရှိကြောင်း ပွဲစီစဉ်ရေးကော်မတီက ပြောကြားခဲ့သည်။

စစ်တမ်းတွင် ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းကလည်း အခြေခံအဆောက်အအုံများကို မျှဝေသုံးစွဲရန်၊ အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးချရန်နှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများကို ပိုမိုကျယ်ပြန့်စေရန်အတွက် ပြိုင်ပွဲအစီအစဉ်များကို ကျင်းပမည့်နေရာများနှင့် ဒေသများစွာတွင် ခွဲဝေကျင်းပရန် အစီအစဉ်ကို ထောက်ခံကြကြောင်းလည်း တွေ့ရသည်။ (Xinhua)

------------------------------------------

(English Version)

French public backs Alpes 2030

GENEVA, Nov. 25 (Xinhua) -- A national survey found that 84 percent of respondents support France hosting the 2030 Winter Olympics and Paralympics, the Alpes 2030 organizing committee said Wednesday.

The survey, conducted by Toluna Harris Interactive from Oct. 30 to Nov. 3, polled a representative sample of 2,079 French adults. It found that 89 percent were optimistic about France's ability to stage a successful Games, while 84 percent had a positive view of Alpes 2030.

"The findings highlight growing awareness, a positive public perception and widespread confidence in France's preparations as the country looks ahead to welcoming the world's best winter sports athletes in 2030. Pride, confidence and curiosity are among the most prominent emotions associated with the Games, reflecting a strong sense of anticipation for the event," the organizing committee said.

Geoffroy Roux de Bezieux, president of the Alpes 2030 organizing committee, said: "These findings are an encouraging sign for everyone working to deliver Alpes 2030. The strong support expressed by the French public reflects a shared ambition to host outstanding Winter Olympics and Paralympics, rooted in the identity and strengths of our mountain regions.

"Our responsibility is to turn this confidence into action: delivering Alpes 2030 that athletes, spectators and communities can be proud of, while creating a lasting positive impact for the places that will welcome the world's best winter sports athletes in 2030."

The committee said respondents expressed confidence in France's ability to welcome international visitors, provide security, manage transport and spectator movement, and deliver the Games on schedule.

The survey also found that 85 percent of respondents supported plans to spread events across several venues and regions to share infrastructure, make better use of resources and extend the benefits of hosting.

Photo Caption  :People enjoy their leisure time near the French Senate in Paris, France, on May 7, 2026.(Xinhua/Wu Huiwo)

မူရင်းသတင်း — Xinhua Myanmar