Eleven Media Group

ဇန်နဝါရီတွင် ပါးလ်မီးရပ်စ်အသင်းမှ ဘရားဇီးလ်ဆယ်ကျော်သက်နောက်ခံလူ ဗစ်တာရီးစ်အားခေါ်ယူရန် ရီးယဲလ်မက်ဒရစ်စီစဉ်နေ

Photo: Sky Sports

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘရာဇီးလ်ဆယ်ကျော်သက်နောက်ခံလူ ဗစ်တာရီးစ်အားခေါ်ယူရန်စီစဉ်နေကြောင်းသိရသည်။

အသက် (၁၈)နှစ်အရွယ်သာရှိသေးသည် ဘရာဇီးလ်စီး ရီးအေကလပ် ပါးလ်မီးရပ်စ်အသင်းနောက်ခံလူ ရီးစ်သည် အနာဂတ်တွင် ထွန်းတောက်လာမည့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက လက်ဦးမှုရယူနိုင်ရန် စီစဉ်လျက်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ရီးယဲလ်အသင်းအနေဖြင့် လက်ရှိအသင်း၏ ဗဟိုခံစစ်နေရာအတွက် ရူဒီဂါနှင့် အကယ်ဒမီကစားသမား ရာအူးလ်အဆန်စီယိုတို့နှစ်ဦးသာရှိနေပြီး နည်းပြအန်ဆယ်လော့တီမှာ ရီးစ်အားလာမည့်ဇန်နဝါရီတွင်ပင် ခေါ်ယူနိုင်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပါးလ်မီးရပ်စ်အသင်းတို့သည် အပြန်အလှန် ကောင်းမွန်သည့် ဆက်ဆံရေးများပိုင်ဆိုင်ထားပြီး ရီးယဲလ်အနေဖြင့် ပြီးခဲ့သည့်ရာသီကလည်း ပါးလ်မီးရပ်စ်အသင်းမှ ဘရာဇီးလ်ဆယ်ကျော်သက် တောင်ပံကစားသမား အန်းဒရစ်အား တရားဝင်ခေါ်ယူနိုင်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group