
ဗျူနိုအေးရိစ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အာဂျင်တီးနား ကွင်းလယ်ကစားသမားဟောင်း အဲဗာဘာနီဂါသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ၌ ဆယ်စုနှစ်နှစ်ခုနီးပါး ဖြတ်သန်းခဲ့အပြီးတွင် ဘောလုံးလောကမှအနားယူတော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်က ကြေညာခဲ့သည်။
အသက် ၃၈ နှစ်အရွယ် ဘာနီဂါသည် အာဂျင်တီးနားအသင်းဖော်ဟောင်း ဆာဂျီယိုအဂွီရို စီစဉ်ကျင်းပသည့် ဗျူနိုအေးရိစ်မြို့တွင် ပြုလုပ်သည့် ခုနစ်ယောက်တစ်သင်းကစားသည့် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ကစားပြီးနောက် ယခုဆုံးဖြတ်ချက်ကို အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။
"တခြားအရာတွေ လုပ်ဆောင်ဖို့အချိန်တန်ပါပြီ" ဟု မေလအတွင်းက Defensa y Justicia အသင်းနှင့် လမ်းခွဲပြီးကတည်းက ပြိုင်ပွဲများတွင် ဝင်ရောက်ကစားခြင်းမရှိတော့သည့် ဘာနီဂါက ပြောကြားခဲ့သည်။
"ကျွန်တော့်ဘဝရဲ့ကဏ္ဍသစ်တစ်ခုကို စတင်နေပါပြီ၊ ဘောလုံးအားကစားကို တခြားရှုထောင့်တစ်ခုကနေ ခံစားပျော်မွေ့ချင်ပါတယ်" ဟု ၎င်းက ဆိုသည်။
ဘာနီဂါသည် ၂၀၀၇ ခုနှစ်တွင် ဘိုကာဂျူနီယာအသင်း၌ ကစားသမားဘဝစတင်ခဲ့ပြီး နောက်ပိုင်းတွင် ဗလင်စီယာ၊ အက်သလက်တီကို မက်ဒရစ်၊ အင်တာမီလန် နှင့် ဆီဗီလာအပါအဝင် အခြားကလပ်အသင်းများစွာတွင် ကစားခဲ့သည်။
၎င်းသည် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၆၅ ပွဲ ပါဝင်ကစားခဲ့ပြီး ရုရှားနိုင်ငံတွင် ကျင်းပသည့် ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားလက်ရွေးစင်အသင်း လူစာရင်းတွင် ပါဝင်ခဲ့သည်။ (Xinhua)
…………….
(English Version)
Ex-Argentina midfielder Banega retires at 38
BUENOS AIRES, Nov. 18 (Xinhua) -- Former Argentina midfielder Ever Banega announced his retirement on Wednesday after a professional career spanning almost two decades.
The 38-year-old confirmed the decision after participating in a seven-a-side tournament in Buenos Aires organized by former Argentina teammate Sergio Aguero.
"It's time to do other things," said Banega, who has not played competitively since parting ways with Defensa y Justicia in May.
"I'm starting a new phase of my life and I want to enjoy football from the other side."
Banega began his career at Boca Juniors in 2007 and later had spells at Valencia, Atletico Madrid, Inter Milan and Sevilla, among other clubs.
He was capped 65 times for Argentina and was part of the Albiceleste squad at the 2018 FIFA World Cup in Russia.
Photo caption: Players of Argentina's national soccer team take part in a training session before the Russia 2018 FIFA World Cup finals, in Ezeiza, Argentina, May 23, 2018. (Xinhua/Martin Zabala)