
မက်ဒရစ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ပြင်သစ်ကွင်းလယ်ကစားသမား အော်ရယ်လီယန် ချူအာမီနီအနေဖြင့် အသင်းနှင့် စာချုပ်ကို ၂၀၃၂ ခုနှစ် ဇွန်အထိ သက်တမ်းတိုးလိုက်သည်ဟု ရီးရဲလ်မက်ဒရစ်အသင်းက နိုဝင်ဘာ ၁၉ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
"ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အော်ရယ်လီယန် ချူအာမီနီတို့ဟာ ကစားသမားကို ၂၀၃၂ ခုနှစ် ဇွန်လ ၃၀ ရက်အထိ အသင်းနှင့် ဆက်လက်ရှိနေစေဖို့အတွက် စာချုပ်သက်တမ်းတိုးမြှင့်ဖို့ သဘောတူညီလိုက်ကြပါပြီ" ဟု အသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ကြေညာချက်၌ အသင်းက ပြောကြားခဲ့သည်။
"အော်ရယ်လီယန် ချူအာမီနီဟာ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ငါးရာသီ ကစားပေးခဲ့တဲ့အတောအတွင်း ပွဲစဉ်အရေအတွက် ၂၀၅ ပွဲ ပါဝင်ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား တစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား နှစ်ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား နှစ်ကြိမ်၊ လာလီဂါဖလား တစ်ကြိမ်၊ ကိုပါဒယ်ရေးဖလား တစ်ကြိမ်နှင့် စပိန်စူပါဖလား တစ်ကြိမ် အပါအဝင် ဆုဖလား ရှစ်ခု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်" ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
"ချူအာမီနီဟာ ပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်ပြီး မကြာသေးမီအချိန်အထိ နိုင်ငံအသင်းအတွက် ပွဲစဉ်အရေအတွက် ၅၀ ပွဲ ပါဝင်ကစားထားကာ ၂၀၂၁ ခုနှစ်က နေးရှင်းစ်လိဂ်ဖလားကိုလည်း ရရှိထားသူဖြစ်ပါတယ်" ဟု အဆိုပါကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်အသင်းတွင် အသားကျရန် အချိန်ယူခဲ့ရပြီးနောက် ချူအာမီနီသည် ဟိုဆေး မော်ရင်ဟို၏ ကွင်းလယ်ပိုင်းတွင် အဓိကကစားသမားဖြစ်လာသလို ဗဟိုနောက်ခံလူနေရာတွင်လည်း ဝင်ရောက်ကစားလာခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................
(English Version)
Tchouameni signs new contract with Real Madrid
MADRID, Nov. 19 (Xinhua) -- Real Madrid announced Thursday that France midfielder Aurelien Tchouameni has extended his contract with the club until June 2032.
"Real Madrid C. F. and Aurelien Tchouameni have agreed to extend the contract of our player, who will remain linked to the club until June 30, 2032," the club said in a statement on its website.
"Aurelien Tchouameni joined Real Madrid in 2022. In his five seasons wearing our jersey, he has played 205 matches and won eight titles: one Champions League, two Club World Cups, two UEFA Super Cups, one La Liga, one Copa del Rey, and one Spanish Super Cup."
"He is an international with France, having played 50 matches for the national team so far and won 1 Nations League in 2021," the statement added.
After taking time to settle at Real Madrid, Tchouameni has become a key player in Jose Mourinho's midfield and has also filled in at center back. ■
Photo caption 1: Michael Olise (C) of Bayern Munich vies with Federico Valverde (R) and Aurelien Tchouameni of Real Madrid during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)
Photo caption 2: Serge Gnabry (R) of Bayern Munich vies with Aurelien Tchouameni of Real Madrid during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)