Eleven Media Group

မှော်ဆန်တဲ့ စွမ်းဆောင်ရည်၊ ပြင်းထန်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ လူးဝစ်ဒီယက်ဇ်

Photos: Getty Images

"လူးဝစ်(ဒီယက်ဇ်) က အောင်မြင်မှု ဆာလောင်တဲ့ ကစားသမားဖြစ်ပြီး လိုချင်တာအတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ နားလည်သူပါ"လို့ လီဗာပူးလ်နည်းပြဟောင်း ယာဂန်ကလော့ပ်က ဒီယက်ဇ်ကို ချီးကျူးခဲ့ဖူးတယ်။ ဗြိတိန်ဘောလုံးအသိုင်းအဝိုင်းက ဒီယက်ဇ်ကို ပေါက်ကွဲအားပြင်းတဲ့ ကစားသမားလို့ ညွှန်းဆိုကြတယ်။ ဒီရာသီ လီဗာပူးလ်အသင်းဟာ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲတွေမှာ နိုင်ပွဲတွေဆက်တိုက်ရနေတယ်။ ဒီလိုရလဒ်ကောင်းတွေရယူနိုင်ခြင်းမှာ ဆာလာလိုပဲ ဒီယက်ဇ်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကလည်း အခရာကျခဲ့တယ်။ လေဗာကူဆင်နဲ့ ကစားတဲ့ပွဲမှာဆိုရင် အင်္ဂလန်မြေရောက်ပထမဆုံး ဟက်ထရစ်သွင်းဂိုးကို ဒီယက်ဇ်ရယူခဲ့တယ်။ လီဗာပူးလ်ပရိ သတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်လာတဲ့ ဒီယက်ဇ်ရဲ့ ကစားသမားဘဝဖြတ်သန်းမှုကို ကြည့်ရင်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကြောင့် ဒီယက်ဇ်ရဲ့ ငယ်ဘဝဇာတ်ကြောင်း တချို့ကို ဖော်ပြလိုက်ပါတယ်။

မူရင်းသတင်း — Eleven Media Group