Myanmar Transparency News

Apple ကုမ္ပဏီက ပြုပြင်ဖာထေးခြင်းမပြုရသေးသော စနစ်အားနည်းချက်များကို အမြန်ဆုံးပြုပြင် ဆောင်ရွက်နေ

◾ Apple ထုတ်ကိရိယာများကို ဟက်ကာများ တိုက်ခိုက်မှုမှကာကွယ်ရန် လုံခြုံရေးဆိုင်ရာ ပြုပြင်မွမ်းမံမှုများဆောင်ရွက်ရန်လိုအပ်

၂၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun

Apple ကုမ္ပဏီက ဖာထေးပြုပြင်ခြင်းမပြုရသေးတဲ့ စနစ်အားနည်းချက်နှစ်ခုကနေ တိုက်ခိုက်ခံခဲ့ရတဲ့ IOS, iPadOS, macOS နဲ့ Safari ဝက်ဘ်ဘရောက်ဆာနှစ်ခုတို့အတွက် လုံခြုံရေးဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေကို ထုတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အားနည်းချက်တွေကတော့ Apple ရဲ့ JavaScriptCore ပရိုဂရမ်နဲ့ WebKit ဝက်ဘ်ဘရောက်ဆာ အင်ဂျင်တို့မှာဖြစ်ကြတယ်လို့ ဆိုပါတယ်။

iPhone ထုတ်လုပ်သူ ကုမ္ပဏီကြီးလည်းဖြစ်တဲ့ Apple က သူ့ကုမ္ပဏီကထုတ်လုပ်ထားတဲ့ JavaScriptCore ပရိုဂရမ်နဲ့ WebKit ဝက်ဘ်ဘရောက်ဆာ အင်ဂျင်တို့မှ အာနည်းချက်နှစ်ခုကို ပြုပြင်စစ်ဆေးမှုများ သီးခြားစီပြုလုပ်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

အဲဒီအားနည်းချက်တွေကနေ ဟက်ကာတွေက ဘယ်လိုတိုက်ခိုက် အမြတ်ထုတ်သွားကြသလဲဆိုတာ အသေးစိတ်မသိရပေမယ့် Apple က Intel-based စနစ်အခြေခံ Mac ကွန်ပျူတာစနစ်တွေမှာ အားနည်းချက်တွေကို တိုက်ခိုက်အသုံးချမှုတွေခံခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒီအားနည်းချက်တွေကို ပြုပြင်ဖို့ Apple ကုမ္ပဏီရဲ့ Patches တွေကို iPhone Settings တွေကနေ Software updates သို့သွားကာ Patches option ကိုရှာပြီး ဒေါင်းလုဒ်ရယူနိုင်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် Intel-based Mac ကွန်ပျူတာ၊ iPhone၊ iPad နဲ့ Apple ရုပ်မြင်သံကြားအသုံးပြုသူတွေဟာ Apple ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ ပြုပြင်မွမ်းမံမှုတွေကို ဒေါင်းလုဒ်လုပ်ပြီး မိမိတို့ရဲ့ စက်ပစ္စည်းကိရိယာတွေကို ဟက်ကာများရဲ့ အမြတ်ထုတ်အသုံးချမှုတွေကို ကာကွယ်သင့်ကြတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref- Hacker News

မူရင်းသတင်း — Myanmar Transparency News