Myanmar Transparency News

MPT ၏ ငွေသားကျပ်သိန်း ၄,၀၀၀ အထိပါဝင်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီစဉ်အား၂၀၂၄ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပြုလုပ်သွားမည်

၁၂. ၁၂. ၂၀၂၄
Written by Nyein Kyaw

MPT ၏ ဒုတိယအကြိမ် ငွေသားကျပ်သိန်း ၄,၀၀၀ အထိနှင့် တယ်လီကွန်းဆုများပါဝင်သည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်အား ယမန်နေ့မှစတင်ပြီး ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အဆိုပါအစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

အဆိုပါ “ကံထူးပျော်ရွှင်ဆုများစုံလင်” ကံစမ်းမဲအစီအစဉ်အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် (ယမန်)နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးဆု ကျပ်သိန်း ၁,၀၀၀ ဆုရှင် ၁ ဦးအပြင် ဒီဇင်ဘာလ၊ ဇန်ဝါရီလနှင့် ဖေဖော်ဝါရီလ သုံးလအတွင်း တစ်လလျှင် ကျပ်သိန်း ၁၀၀ ဆုရှင် ၁၀ ဦးဖြင့် စုစုပေါင်း ကျပ်သိန်း ၁၀၀ ဆုရှင် ၃၀ ဦးနှင့် လစဉ်တယ်လီကွန်းဆုများဖြစ်သည့် 100 GB ဒေတာနှင့် ဖုန်းပြောမိနစ် ၁၀၀ မိနစ် ဆုရှင် ၄၀ ဦးတို့ကို ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

“Lucky Ticket တွေ ဖွင့်ထားမှာဖြစ်ပါတယ်။ အဲဒီထဲကမှ Randomly ရွေးချယ်မှာဖြစ်ပါတယ်။ MPT ရဲ့ Package အားလုံးအကျုံးဝင်ပါတယ်။ ဘယ် Package ကိုဝယ်ဝယ်ပေါ့။ အဲဒီမှာ ရွေးချယ်တဲ့အစီအစဉ်ကတော့ ကျွန်တော်တို့ရဲ့ Live Streaming အစီအစဉ်လေးရှိပါတယ်။ ဒါကိုတော့ Facebook ကနေပြီးတော့ Live Streaming လွှင့်ပြီးတော့ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အခေါက်ကလည်း အဲဒီလိုလေး လုပ်တာဖြစ်ပါတယ်” ဟု MPT မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။

ထို့ပြင် MPT ၏ ပထမအကြိမ် ငွေသားကျပ်သိန်း ၄,၀၀၀ အထိနှင့် အခြားဆုများပါဝင်သည့် “(၁၀) နှစ်ပြည့်ဝယ် ငွေထုပ် ပိုက်မယ်” အစီအစဉ်၏ ကျန်ရှိနေသေးသော ကံထူးရှင်များဖြစ်သည့် မကွေးတိုင်း‌ဒေသကြီးမှ အထူးဆု ကျပ်သိန်း ၁,၀၀၀ ဆုရှင် ၁ ဦး၊ ရန်ကုန်တိုင်းမှ ကျပ်သိန်း ၁၀၀ ဆုရှင် ၃ ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ ရွှေနှစ်ကျပ်ခွဲသား ဆုရှင် ၁ ဦးတို့ကိုလည်း ယနေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ကံစမ်းမဲအစီအစဉ်နှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့ မေးမြန်းစုံစမ်းနိုင်ပြီး သုံးစွဲသူများထံ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News