Myanmar Transparency News

Gmail ကို ယှဉ်ပြိုင်မယ့် အီလွန်မတ်စ်ခ်ရဲ့ Xmail

◾ ဘီလျံနာကြီး အီလွန်မတ်စ်ခ်ရဲ့ Xmail အီးမေးလ်ဝန်ဆောင်မှုစနစ်က Gmail အသုံးပြုသူဘီလျံပေါင်းများစွာရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသလား

၁၈.၁၂.၂၀၂၄
Translated by Htwe Ko Tun

Twitter လို့ အရင်ကသိခဲ့ကြတဲ့ လူမှုကွန်ရက် X မှာ ပို့စ်တင်တဲ့အပေါ် ဒီဇင်ဘာလ ၁၅ ရက်က တုံ့ပြန်မှုတစ်ခုမှာတော့ Gmail ကို ယှဉ်ပြိုင်ပေါ်ပေါက်လာမယ့် ဘီလျံနာကြီး အီလွန်မတ်စ်ခ်ရဲ့ Xmail အီးမေးလ် ဝန်ဆောင်မှုစနစ်အပေါ်စိတ်အေးအေးထားပြီး စိတ်လှုပ်ရှားမှုမဖြစ်ကြဖို့နဲ့ အငြင်းမပွားသင့်ကြဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် လုပ်စရာလိုတဲ့စာရင်းတွေဆိုပြီး အီလွန်မတ်စ်ခ်ကိုယ်တိုင်ရေးသားခဲ့ရာမှာတော့ သူ့အနေနဲ့ အနည်းငယ်လောက်ပဲမကဘဲ ဒီထက်ပိုမိုပြီး ဘယ်လို နှိုးဆွလာတော့မလဲဆိုတာ သေချာနေပါပြီ။

ဒီမှာ Xmail က Gmail အသုံးပြုသူဘီလျံပေါင်းများစွာကို ဘယ်လိုလုံခြုံရေးခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်လဲဆိုတာသိရမှာပါ။

အခုအချိန်က ၂၀၂၅ ခုနှစ်ကို ချဉ်းကပ်လာနေတဲ့အချိန်မှာပဲရှိသေးတာကြောင့် X အသုံးပြုသူမည်မျှရှိတယ်ဆိုတာ အတိအကျ ကိန်းဂဏန်းရရှိဖို့တော့ မလွယ်ကူသေးပါဘူး။ ဒါပေမယ့် Google ရဲ့ သုတေသန လေ့လာချက်ကတော့ ဖြစ်နိုင်ခြေ သန်း ၆၀၀ လောက် ရှိမယ်ဆိုပါတယ်။ Google ရဲ့ ကိန်းဂဏန်းအရ ကမ္ဘာ့လူဦးရေရဲ့သုံးပုံတစ်ပုံ ဒါမှမဟုတ် ၂ ဒသမ ၅ ဘီလျံခန့်က Gmail ကိုအသုံးပြုနေကြတယ်လို့လည်း ဆိုပါတယ်။ ဒါဆိုရင် အခုဖြစ်နေတဲ့ ကောလာဟလတွေအတိုင်းပါပဲ။ Gmail အသုံးပြုသူတွေအတွက် ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုက ရိုးရှင်းပါတယ်။ ဒါက လုံခြုံမှုရှိဖို့ ဖြစ်ပါလိမ့်မယ်။

အီလွန်မတ်စ်ခ် က Xmail email ဝန်ဆောင်မှုစနစ်နဲ့ ပတ်သက်လို့ ကျီစယ်သလိုလို လုပ်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းကကို ဒီခြိမ်းခြောက်မှုကောလာဟလက ဖြစ်လာခဲ့တာပါ။ X လူမှုကွန်ရက်ရဲ့ မီဒီယာပလက်ဖောင်းပေါ်မှာ ပို့စ်တင်တာနဲ့ပတ်သက်လို့ တုံ့ပြန်ပြောကြားရင်း ကုမ္ပဏီရဲ့အင်ဂျင်နီယာတစ်ဦးက X အနေနဲ့က ဘယ်အချိန်မှာ Xmail ကို ဖန်တီးမလဲလို့ မေးခဲ့ပါတယ်။ ဒီအခါမှာ မတ်စ်ခ်က လာနေပါပြီလို့ ပြောခဲ့ပါတယ်။ ဒါက အင်္ဂလိပ်လို့ ဆိုစကားလုံးနှစ်လုံးထဲပါ။ ဒါပေမယ့် ဒီစကားလုံးနှစ်လုံးက မီဒီယာတွေအကြားမှာတော့ အတော်လေးထိတ်လန့်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပါတယ်။

ဒီခေတ်အခါမှာက လူ‌တွေကို လိမ်လည်လှည့်ဖြားတယ်ဆိုတာ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူတွေအဖို့တော့ ထမင်းစားရေသောက် အလွန်လွယ်ကူလှတဲ့ လုပ်ငန်းဖြစ်နေပါတယ်။ ဒါကြောင့် အဓိက လူဦးရေစုစာရင်းအဖြစ်ရှိနေတဲ့ Gmail အသုံးပြုသူတွေအနေနဲ့တော့ အစောပိုင်းကာလတွေမှာ Xmail အသုံးပြုဖို့ဖိတ်ကြားချက်တွေ ဒါမှမဟုတ် အမှန်တကယ်မရှိတဲ့ဝန်ဆောင်မှုကို လွယ်ကူစွာပြောင်းနိုင်ဖို့ ကိရိယာတွေနဲ့ ပံ့ပိုးဖိတ်ခေါ်တာတွေကို အထူးသတိပြုရင်တော့ Xmail နဲ့အတူ မိမိ Gmail လုံခြုံမှု ထိခိုက်အောင်လုပ်လာတာတွေကို ရှောင်ရှားနိုင်ကြမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ Xmail က Gmail အသုံးပြုသူတွေလုံခြုံရေးကိုထိခိုက်စေမယ်ဆိုတဲ့ ကောလာဟလကျော်လွှားနိုင်ကြမယ်လို့ ယူဆမိပါတယ်။

Ref- Times of India

မူရင်းသတင်း — Myanmar Transparency News