Myanmar Transparency News

တောင်ဒဂုံက ဒီဇယ်ပေပါစည်သိုလှောင်ထားတဲ့ခြံဝန်း မီးလောင်

၇ .၂. ၂၀၂၅
Written by Hey Mar

လုပ်ငန်းသုံးဖို့ သိုလှောင်ထားတဲ့ ဒီဇယ်ပေပါစည်တွေ မီးလောင်မှု ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီးအောက်ရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

လောင်ကျွမ်းမှုဖြစ်စဉ်ကို အသေးစိတ်ကိုတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပြီး အမှတ် (၂) လမ်းမကြီး‌ ဘေးရှိ ရှမ်းတဲကြီးအောက်ရွာမှ ဒီဇယ်ပေပါဆီ သိုလှောင်ထားတဲ့ ပေ ၂၅ပေ ၄၀ ပေ ခြံဝန်းမီးလောင်တာလို့ သိရှိရပါတယ်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် မြန်မာနိုင်ငံမီးသတ်ဖွဲ့ဌာနချုပ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း၊ လေးထောင့်ကန်နယ်မြေမီးသတ်စခန်းနဲ့ ညောင်ပင်နယ်မြေမီးသတ်စခန်းတို့က မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး Level -1 အဆင့် ခေါ်ယူကာ တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News