Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး


နေပြည်တော် နိုဝင်ဘာ ၆

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး လာမည့်ပညာသင်နှစ် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ကြားသင်ယူမှုများ စနစ်တကျဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပင်မဆောင်နှင့် စာသင်ဆောင်များ၊ သင်ထောက်ကူပစ္စည်းများ၊ ကွန်ပျူတာခန်း၊ Lab ခန်းနှင့် ICT နည်းပညာကို အသုံးပြုသည့် Learning Management System (LMS) တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် Internship (အလုပ်သင်) ဆင်းနေသော ကျောင်းသား ကျောင်းသူများ၏ Project များကို ကြည့်ရှုစစ်ဆေးပြီး သတင်းအချက် အလက်နည်းပညာတက္ကသိုလ်ရှိ ဗဟိုသတင်းအချက်အလက်နည်းပညာသင်တန်းဌာနတွင် ဖွင့်လှစ်လျက်ရှိသော Professio-nal Diploma in Artificial Intelligence သင်တန်း ၊ Artificial Intelligence နှင့် Cyber Security နည်းပညာဆိုင်ရာ လုပ်ငန်းခွင် အခြေပြုသင်တန်းများတွင် တက်ရောက်လျက်ရှိသော ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University တို့မှ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News