Myanmar Transparency News

အ.ထ.က (၁) လသာ ကျောင်းဝန်းအတွင်း အထက်တန်းပြကျောင်းဆရာတစ်ဦး ဆွဲကြိုးချသေဆုံးသည့် အလောင်းကို ယနေ့တွေ့ရှိ

၁၈.၂.၂၀၂၅
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်ရှိ ၊ အ.ထ.က (၁) လသာ ကျောင်းဝင်းအတွင်း အထက်တန်းပြကျောင်းဆရာတစ်ဦး ဆွဲကြိုးချ (ကြိုးဆွဲချ)သေဆုံးသည့် အလောင်းကို ယနေ့ဖေဖော်ဝါရီလ ၁၈ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

“သေနေတဲ့ရုပ်အလောင်းကို မနက် ၆ နာရီကျော်လောက်က တွေ့တာပါ။ ဘာ့ကြောင့်ဆိုတာတော့ အကြောင်းရင်း မသိရသေးပါဘူး။ သေမှုသေခင်းဖွင့်ထားတယ်။ အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်”ဟု အဆိုပါ ဖြစ်စဉ်အပေါ် သိရှိသူတစ်ဦးက MT News ကို ပြောသည်။

သေဆုံးသည့် အထက်တန်းပြ ကျောင်းဆရာမှာ ကျောင်းဝင်းအတွင်း အောင်တံခွန်အားကစားရုံဘေးရှိဝန်ထမ်းနေအိမ်တွင် နေထိုင်သည့် အသက် ၃၆ နှစ်အရွယ် ဦးမျိုးမင်းဦး ဆိုသူဖြစ်ပြီး ယင်းအိမ်၌ပင် အဆုံးစီရင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ယခုကာလတွင် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် စိစစ်နေကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၊၄၃ ရပ်ကွက်တွင် နေထိုင်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

Photo – CJ

မူရင်းသတင်း — Myanmar Transparency News