Myanmar Transparency News

လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာ မီးလောင်မှုကြောင့် မီးဘေးသင့်သူ ၁၀၀ ခန့် အကူအညီများလိုအပ်

၂၄.၃.၂၀၂၅
Written by KL

တနင်္သာရီတိုင်း​ဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာတွင် ဖြစ်ပွားခဲ့သော လူနေအိမ် ၁၈ လုံး မီးလောင်မှုကြောင့် မီးဘေးသင့်သူ ၁၀၀ ခန့် အကူအညီများလိုအပ်နေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

မတ်လ ၂၂ ရက်၊ နံနက် ၁၀ နာရီခန့်က ပေါ့ဆမီးကြောင့် ပန်းတင်အင်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။

မီး​ဘေးသင့်ပြည်သူများအတွက် အသင့်စား စားစရာများ၊ စားသောက်ကုန်များ၊ အိုးခွက်ပန်းကန်များ၊အဝတ်အထည်များ၊ အမျိုးသမီးအသုံးအဆောင်များကို လှူဒါန်းနိုင်ကြောင်း မီး​ဘေးသင့်ပြည်သူများကို ကူညီနေသည့် ဇမ္ဗူသီရိအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

လှူဒါန်းလိုသူများအနေဖြင့် ဖုန်း – ၀၉၂၅၁၁၄၂၁၅၅၊၀၉၇၇၂၅၀၉၆၀၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မတ်လ ၂၃ ရက် ညနေ ၃ နာရီ ၅ မိနစ်ခန့်ကလည်း ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၊ ကျောင်းသစ်လမ်းရှိ အလျား ၂၀ ပေ အနံ ၁၀ ပေရှိ ဓနိမိုးထရံကာ မြေစိုက်လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News