Myanmar Transparency News

မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးသူတွေကို ငွေကျပ်သိန်း ၁၀၀၀ မ,တည်ပြီး လိုအပ်တာတွေ ကူညီသွား မယ် ဆိုတဲ့ ခိုင်နှင်းဝေ

၂၈.၃.၂၀၂၅
Written By Thandar

ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေကတော့ ယနေ့ဖြစ်ပေါ်လာတဲ့ မြေငလျင်ကြောင့် ထိခိုက်ဆုံးရှုံးသွားသူတွေကို ငွေကျပ်သိန်း ၁၀၀၀ မ,တည်ပြီး လိုအပ်တာတွေ ကူညီသွားမယ်လို့ ဆိုပါတယ်။

“သဘာဝဘေးအတွက် လိုအပ်တဲ့နေရာတွေ ကူညီဖို့အတွက် “ခိုင်နှင်းဝေ ပရဟိတအသင်း” က ခုနစ်ရက် သားသမီးတွေအလှုအဖြစ်နဲ့ ငွေကျပ် သိန်း ၁၀၀၀ မ’တည်ပြီး လိုအပ်တာတွေကို ကူညီသွားပါမည်ရှင်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမကတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့လေ့ရှိတဲ့ ရေဘေး၊ မီးဘေး စတာတွေကို စွမ်းစွမ်းတမံ ကူညီပေးနေလျှက်ရှိသူလည်းဖြစ်ပါတယ်။ အဆိုပါ သဘာဝငလျင်ကြောင့် ပျက်စီးသွားတဲ့ နေရာတချို့ကို သွားရောက်လှူဒါန်းသွားဖို့ ယနေ့ မတ်လ ၂၈ ရက်မှာ စတင်ပြီး ပရိသတ်သိအောင် အသိပေးလာတာဖြစ်ပါတယ်။

မြေငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးနဲ့ ပြည်ပနိုင်ငံအသီးသီးရဲ့ နေရာ တော်တော်များများ ပျက်စီးဆုံးရှုံးမှုတွေရှိသလို လူသေတဲ့အထိဖြစ်ပျက်ခဲ့တာလည်းဖြစ်ပါတယ်။

မူရင်းသတင်း — Myanmar Transparency News