Myanmar Transparency News

မန္တလေးမြို့ရှိ မြေငလျင်ဒဏ်ခံစားခဲ့ရသည့် တိုက်နှင့်အ‌ဆောက်အဦများ အန္တရာယ်ရှိ/မရှိ အခမဲ့လာရောက် စစ်ဆေးပေးမည်

၄. ၄. ၂၀၂၅
Written by Nyein Kyaw

မန္တလေးမြို့အတွင်း မြေငလျင်ဒဏ်ကြောင့် တိုက်နှင့် အဆောက်အအုံများ စောင်းခြင်း၊ အက်ကွဲမှုများရှိပါက ဆက်လက်နေထိုင်ရန် အန္တရာယ်ရှိမရှိကို အခမဲ့လာရောက် စစ်ဆေးပေးမည်ဖြစ်ကြောင်း Success All Myanmar Company Construction Group မှ အသိပေး ကြေညာထားသည်။

“မန္တလေးမြို့အတွက် ကျွန်တော်တို့ တတ်မြောက်ထားသော ပညာဖြင့် ပညာဒါန၊ လုပ်အားဒါနတို့ဖြင့် ကူညီခွင့်ပေးပါရစေဗျာ။ မြေငလျင်ဒဏ်ကိုခံစားရသော တိုက်တာ/အဆောက်အအုံများအား စောင်းခြင်း၊ အက်ကွဲခြင်းများရှိလျှင် နေထိုင်ရန်အန္တရာယ်ရှိမရှိကို ကျွန်တော်တို့ Success All Myanmar Company Construction Group မှ အခမဲ့ လိုက်လံ စစ်ဆေးပေးပါရစေဗျ” ဟု Success All Myanmar Co.Ltd မှ သိပေးထားသည်။

ထို့ပြင် တိမ်းစောင်း၊ အက်ကွဲမှုများမရှိဘဲ အကောင်းတိုင်းရှိသော တိုက်နှင့် အဆောက်အအုံများကိုလည်း ပိုမိုစိတ်ချမှုစေရန် စစ်ဆေးပေးကြောင်းနှင့် မည်သည့်အခြေအနေ၌ ဖြစ်ပါစေ ဖုန်းဆက်လိုက်ရုံဖြင့် လာရောက် ကြည့်ရှု့စစ်ဆေးပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဖုန်းဆက်ခေါ်၍ ချက်ချင်းရောက်မလာနိုင်ပါက အခြားနေရာများတွင် စစ်ဆေးချက်များ ပြုလုပ်နေခြင်းဖြစ်၍ နားလည်သည်းခံပေးပါရန် မေတ္တာရပ်ခံထားပြီး မိဘပြည်သူများအနေဖြင့် Success All Myanmar Company Construction Group ၏ Email-skyfutu@gmail.com နှင့် ဖုန်းနံပါတ် ၀၉-၂၆၅၂၂၄၄၄၅၊ ၀၉-၇၉၈၉၇၃၈၁၁ များသို့ ဖုန်းဆက်ခေါ်ဆိုမှုအပြင် Viber သို့ လိပ်စာနှင့် ဖုန်းနံပါတ် ပေးပို့ထားပါက ပြန်လည်ဆက်သွယ်‌ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

မူရင်းသတင်း — Myanmar Transparency News