Myanmar Transparency News

မန္တလေးတွင် လူငယ်ဘာဝကိစ္စအပေါ် ယောကျ်ားလေးဘက်က တာဝန်မယူသည့်အတွက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဆွဲကြိုးချအဆုံးစီရင်

၂.၅.၂၀၂၅
Written By Zun

မန္တလေးတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဆွဲကြိုးချ(ကြိုးဆွဲချ) အဆုံးစီရင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သီရိဆင်ကာပရဟိတလူမူကူညီရေးအသင်းက MT News ကို ပြောသည်။

“လူငယ်ဘာဝပေါ့ဗျာ။ ကောင်လေးဘက်က တာဝန်မယူတဲ့ သဘောဖြစ်လို့ အဲလို လုပ်သွားတယ်တဲ့။ ကောင် လေးကို သက်ဆိုင်ရာက ဖမ်းတယ်။ တစ်ရက်အကြာမှာ ပြန်လွှတ်လိုက်တယ်လို့ ပြောတယ်” ဟု အဆိုပါအ သင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆုံးစီရင် ကွယ်လွန်သူ အမျိုးသမီးငယ်မှာ အမရပူရမြို့ ယမ်းရှေ့၊ ယမ်းပျံရပ်ကွက်မှ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် မလွင်ပိုးသွယ် ဆိုသူဖြစ်ပြီး နာရေးကိစ္စများကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် သီရိဆင်ကာပရဟိတလူမူကူညီရေးအသင်းက အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“DB ကို ဖြစ်တဲ့နေ့က မန္တလေးရင်ခွဲရုံကို ပို့တယ်။ ပြီးနောက် နောက်တစ်ရက် ဧပြီလ ၂၉ ရက်နေ့မှာပဲ အိုးထိန်း မှော်သုဿာန်ကို ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်”ဟု ယင်းက MT News ကို ပြောသည်။

မူရင်းသတင်း — Myanmar Transparency News