Myanmar Transparency News

ထိုင်းနိုင်ငံအတွင်း တည်ဆောက်နေဆဲ စက်မှုဇုန်၌ တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများ ဖမ်းဆီးခံရ

၁၉.၇.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံအတွင်း တည်ဆောက်နေဆဲ စက်မှုဇုန်၌ တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများ ယမန်နေ့ ဇူလိုင်လ ၁၈ ရက် ညနေပိုင်းတွင် အဖမ်းခံခဲ့ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ စက်မှုဇုန်မှာ ထိုင်းနိုင်ငံ၊ လယောင်မြို့နယ်အတွင်း တည်ရှိပြီး ဇူလိုင်လ ၁၈ ရက် ညနေပိုင်းက ထိုင်း ရဲတပ်ဖွဲ့များဝင်ရောက် စစ်ဆေးစဥ် တရားမဝင် မြန်မာလုပ်သား (၆) ဦး နှင့် အခြား နိုင်ငံသားများအပါအဝင် စုစုပေါင်း အလုပ်သမား (၃၇) ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဖမ်းခံရသည့် အခြားနိုင်ငံသားများမှာ ထိုင်းနိုင်ငံသို့ အလည်ဗီဇာဖြင့် ဝင်ရောက်လာကာ အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသား (၃၁) ဦး ဖြစ်ကြောင်း၊ ဒုတိယရဲမှူးကြီး စတ်စိလာ ဖုယက်အန်က စက်မှုဇုန်အတွင်း ဝင်ရောက် စစ်ဆေးရန် ညွှန်ကြားလာသောကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်များဦး‌ဆောင်သည့် ပူးပေါင်းအဖွဲ့များက လယောင်မြို့ရှိ တည်ဆောက်ဆဲ စက်မှုဇုန်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု အခါ အဆိုပါ ဖမ်းဆီးခံရသည့် တရားမဝင် မြန်မာနိုင်ငံသားအလုပ်သမား၊ တရုတ်နိုင်ငံသား အလုပ်သမား များကို နိခုမ်ဖတ်ထနာရဲစခန်း၌ ထိန်းသိမ်း၍ တရားမဝင် အလုပ်လုပ်ကိုင်မှုဖြင့် အမှုဖွင့်ကာ ဥပဒေအတိုင်း အရေးယူမည် ဖြစ်ကြောင်း၊ ဥပဒေအရ ပြစ်ဒဏ်ခံယူပြီးပါက သက်ဆိုင်ရာ နိုင်ငံများသို့ အစိုးရချင်း ချိတ်ဆက်၍ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News