Myanmar Transparency News

နွားထိုးကြီးမြို့နယ်၊ သရက်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF နှစ်ဦးက ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်မှုဖြစ်ပွား

MT News
၁၂. ၉. ၂၀၂၅

နွားထိုးကြီးမြို့နယ်၊ သရက်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို PDF နှစ်ဦးက ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ သရက်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းရွှေ (၆၂)နှစ်သည် ကျေးရွာအရှေ့တောင်ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ ၎င်းပိုင် လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF နှစ်ဦးက မော်တော်ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

မူရင်းသတင်း — Myanmar Transparency News