Myanmar Transparency News

ဆူးလေဘုရားအနီး ရန်ကုန်မြို့တော်ခန်းမကို Freeland Attack Force PDF အဖွဲ့က ယနေ့ ဗုံးခွဲခဲ့ဟု ဝန်ခံ

နေမိုး
၁၆. ၉. ၂၀၂၅

ဆူးလေဘုရားအနီး၊ ရန်ကုန်မြို့တော်ခန်းမကို ယနေ့နံနက်ပိုင်းက ဗုံးခွဲခဲ့သည်ဟု ကျူးလွန်သည့် Freeland Attack Force PDF အဖွဲ့က ဝန်ခံလာသည်။

ယနေ့ ၂၀၂၅၊ စက်တင်ဘာလ ၁၆ ရက်နေ့၊ မနက် ၆ နာရီ ၃၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့ရှိ ဆူးလေ မြို့တော်ခန်းမအား Freeland Attack Force ( FLA ) မှ ဗုံးအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဝန်ခံချက်တွင် ဖော်ပြထားသည်။

ထိုဖောက်ခွဲမှုအတွင်း Freeland Attack Force ( FLA ) မှ ကျုးလွန်သူ PDF များ ထိခိုက်မှုမရှိဟု ဖော်ပြထားသလို MT News စုံစမ်းမှုအရလည်း ထိုဗုံးခွဲမှုမှာ မြို့တော်ခန်းမကို ခွဲနိုင်ခြင်းမဟုတ်ဘဲ အများပြည်သူသွားလာနေသည့် လမ်းပေါ်သာ ခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် နံနက်အစောပိုင်းဖြစ်သဖြင့် သွားလာသူရှင်းလင်းနေ၍ ထိခိုက်သူမရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News