Myanmar Transparency News

နေအိမ်တွင် ရှိနေသည့် လက်နက်မဲ့အမျိုးသားကို ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် PDF လေးဦးက ဦးခေါင်းအား သေနတ်ဖြင့်တေ့ကာ ပစ်သတ်မှုဖြစ်ပွား

နေမိုး
၂၂. ၃. ၂၀၂၆

နေအိမ်တွင် ရှိနေသည့် လက်နက်မဲ့အမျိုးသားတစ်ဦးကို ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် PDF လေးဦးက ဦးခေါင်းအား သေနတ်ဖြင့်တေ့ကာ ပစ်သတ်မှုဆင်ပေါင်ဝဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ မတ် ၁၉ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ကျေးရွာနေ ဦးနိုင်လင်း(၄၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News