Voice of Myanmar

နေပြည်တော်မှာ ပဒေသာပင်ပို့ပြီး ပြန်လာတဲ့သုံးဘီးကားမှောက်

နိုဝင်ဘာ ၁၀ ၊ ၂၀၂၆

CC (VOM)

နေပြည်တော် ၊ ဇေယျာသီရိမြို့နယ် ၊ ပေါင်းလောင်းမြစ်ကူးတံတားအဆင်းမှာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်က သုံးဘီးကားတစီးတိမ်းမှောက်ပြီး နှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ သုံးဘီးကားဟာ ကထိန်ပွဲအတွက် ပဒေသာပင်တွေပို့ပြီးပြန်အလာ၊ တံတားအဆင်းမှာ အရှိန်များပြီး တံတားပေါ်ကနေ ကျော်ကျ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

“သုံးဘီးမှောက်သွားတဲ့အထဲ ငါးယောက်ပါသွားတယ်။အဲ့ဒီထဲကမှ နှစ်ယောက်က ကုတင် ၁၀၀၀ ဆေးရုံအရောက်မှာ ဆုံးတယ်။ သုံးယောက်ဒဏ်ရာရတယ်။ ” လို့ လူမှုကရုဏာရှင် (ခေါမ) အသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

သေဆုံးသူတွေက အသက် ၃၉ နှစ်အရွယ် ယာဥ်မောင်း၊ ၃၅နှစ်အရွယ် ကားပေါ်ပါ အမျိုးသားတို့ဖြစ်ပြီး ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ နေသူတွေလို့ သိရပါတယ်။

ဒဏ်ရာရှိသူတွေကတော့ မစိုးရိမ်ရ ဒဏ်ရာတွေနဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

မေ ၂ ရက်ကလည်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေအုပ်စု၊ မိုးစွေ-လွင်သာယာလမ်းမှာ ဝါးတင်တဲ့ကားတစီးတိမ်းမှောက်လို့ နေရာမှာပဲ ၁၆ ယောက်ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူ ၂၀ လောက်ရှိခဲ့ ပါတယ်။

ဧပြီ ၃၀ ရက်ကလည်း နေပြည်တော်ကောင်စီ ၊ ဥတ္တရသီရိ မြို့နယ်မှာ ကဆုန်လပြည့်နေ့ ဘုရားဖူးလာတဲ့ သုံးဘီးကား တိမ်းမှောက်လို့ အမျိုးသားတယောက်​သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

]

ဓာတ်ပုံ – လူမှုကရုဏာရှင်

#Voiceofmyanmar #VOM #နေပြည်တော် #ဇေယျာသီရိမြို့ #ပေါင်းလောင်းမြစ်ကူးတံတား #သုံးဘီးကားမှောက် #ယာဥ်မတော်တဆ

မူရင်းသတင်း — Voice of Myanmar