Myanmar Transparency News

ပန်ကာမီးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်တစ်လုံးမီးလောင်မှု ဒလမြို့တွင် ဖြစ်ပွား

၂၂.၃.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီးရှိ နေအိမ်တစ်လုံးတွင် မတ်လ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ပန်ကာ မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုကြောင့် အလျား ၁၂ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်အပေါ်ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကြောင့် အသက် ၅၀ နှစ်အရွယ် ဦးစိုးလွင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ဒလမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News