Myanmar Transparency News

လက်နက်မဲ့အဘိုးအိုတစ်ဦးကို PDF လေးဦးက ပစ်သတ်ပြီး ဆိုင်ကယ်လုယက်

နေမိုး

၂၈. ၃. ၂၀၂၆

လက်နက်မဲ့အဘိုးအိုတစ်ဦးကို PDF လေးဦးက ပစ်ခတ်သတ်ဖြတ်ပြီးနောက် ဆိုင်ကယ်လုယက်သွားမှု တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။

NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တောတန်း ကျေးရွာနေ ဦးအေးသန်း(၇၀)နှစ်သည် ခုံမော်ကျေးရွာမှ တောတန်းကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်ပြန်လာစဉ် မြိတ်-တနင်္သာရီကားလမ်းပေါ်အရောက်၌ PDF လေးဦးက ဦးအေးသန်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။ 

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News