Myanmar Transparency News

ကြိုးဆွဲချသေဆုံးသည့် အရိုးဆွေးနေသော ရုပ်အလောင်း ပြည်မြို့ရှိ တောထဲတွင် တွေ့ရှိ

၁၁.၄.၂၀၂၆
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဆင်စုရပ်ရှိ တောထဲတွင် ကြိုးဆွဲချ (ဆွဲကြိုးချ) သေဆုံးခဲ့သော အရိုးဆွေးနေသည့် ရုပ်အလောင်းတစ်ခုကို ယနေ့ ဧပြီလ ၁၁ ရက်က တွေ့ရှိခဲ့ကြောင်း နံနက် ၁၁ နာရီခန့်က ရုပ်အလောင်းသွားရောက်သယ်ယူခဲ့သည့် ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအသင်း (ပြည်)ထံမှ သိရသည်။

သေဆုံးသူမှာ အမျိုးသားဖြစ်ပြီး ရုပ်အလောင်းမှာ အရိုးစုနီးပါးသာကျန်ရှိသည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အရိုးဆွေးနေသော ရုပ်အလောင်း၏အစိတ်အပိုင်းများကို သယ်ယူပြီး ခေတ္တရာ သာရေးနာရေးကူညီမှုအသင်းမှ အသင်းဝင်များက အေးငြိမ်းသုသာန်သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးသည့်ရုပ်အလောင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေမှုသေခင်းအမှတ်စဥ်ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Photo – MRO)

မူရင်းသတင်း — Myanmar Transparency News