Myanmar Transparency News

ထမင်းဟင်းချက်ရာမှ နေအိမ်သုံးလုံးမီလောင်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရမှု ဇင်းကျိုက်တွင် ဖြစ်ပွား

၉.၁၁.၂၀၂၆
Written by KL

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ကမာကြည်လမ်းတွင် ထမင်းဟင်းချက်ရာမှ နေအိမ်သုံးလုံးမီးလောင်ကာ အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာရရှိမှု ယနေ့ နိုဝင်ဘာလ ၉ ရက် နံနက် ၄ နာရီ ၄၀ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

နေအိမ်မီးလောင်မှုကြောင့် နှစ်ထပ်နေအိမ်အပါအဝင် နေအိမ်သုံးလုံးနှင့် အတွင်းပစ္စည်းများ၊ လယ်ထွန်စက် တစ်စီးနှင့် ထယ်ထိုးစက် တစ်စီး မီးလောင်ဆုံးရှုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း အသက် ၉၀ အရွယ် အဘိုးအိုတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကို အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဥ် ငါးစီး၊ ရေသယ်ယာဥ် ငါးစီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီ​ရေးအသင်းမှ အသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားလာပါက ဘေးလွတ်ရာအရင်မပြေးဘဲ ပတ်ဝန်းကျင်နှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ပါက မီး​လောင်ဆုံးရှုံးမှုအနည်းဆုံးဖြင့် အမြန်ဆုံးငြှိမ်းသတ်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

ဒီဒေသမှာရှိတဲ့ အရွယ်ရောက်သူတိုင်း မီးငြှိမ်းသတ်ရေးတွေမှာ ပါဝင်ပေါင်းစပ်ဖို့၊ မီးဆော်သြရေးလုပ်ငန်းတွေမှာ ဂရုပြုဆောင်ရွက်ဖို့ မြို့မိမြို့ဖတွေကို အကြံပြုချင်ပါတယ်”ဟု မွန်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News