Myanmar Transparency News

သနပ်ဝရွာကို PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

နေမိုး
၁၂. ၄. ၂၀၂၆

ပွင့်ဖြူမြို့နယ်၊ သနပ်ဝရွာကို PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၁ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီ ၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် ပွင့်ဖြူမြို့နယ်၊ သနပ်ဝကျေးရွာသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ မှုကြောင့် အဆိုပါကျေးရွာနေ မဖြူဖြူသင်း(၂၉)နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News